Friday, May 29, 2015

Goal ဆိုတာ ငါတို့အတွက်​​တော့ Gold ပါပဲ




' ဂိုး' လို့ ကမ္ဘာကြီးကြား​အောင်​ အကျယ်​ကြီး ​အော်​ဟစ်​လိုက်​ကြ
ဒုက္ခဆိုး​တွေကို ​မေ့​ဖျောက်​ပြီး ခုန်​​ပေါက်​ပစ်​လိုက်​ကြ
လေထဲကို လက်​သီး​တွေ တစ်​လုံးပြီးတစ်​လုံး ပစ်​သွင်းလိုက်​ကြ
ကျွမ်းကျင်​ရင်​ ကျွမ်းပါထိုးပစ်​လိုက်​ကြ
ဒီမိုက​ရေစီစစ်​စစ်​ရသလို ​အောင်​ပွဲခံလိုက်​ကြ
အာဏာရှင်​ဆီကမရတဲ့ ​ပျော်​ရွှင်​မှုကို 
ဘောလုံးဆီက ငါတို့ ကြံဖန်​ရှာ​ဖွေမိကြ


- လင်းလက်​တာရာ
30.5.2015

No comments:

Post a Comment