Friday, June 12, 2015
KFC မစားချင်​ဘူး ကျုံး​ဘေးမှာ ဘူးသီး​ကြော်​အတူစားချင်​တဲ့ စိတ်​ကူး
မ​လေးရှားပိ​တောက်​ရနံ့​စူးစူးတွေ ရှူမိတိုင်း အစစအရာရာ အဆင်​​ပြေပါ​စေ
ဆိုတဲ့ ဆု​တောင်း​ မိုးပျံရထားစီးရတာထက်​ 'ကျွန်​​တော်​'ဆိုတဲ့ စာသားမ​လေးကို
စက်​ဘီးတင်​နင်းချင်​တဲ့ ကဗျာ ဦးပိန်​တံတား​ပေါ်က ပို့လိုက်​တဲ့ မက်​​ဆေ့​လေးမှာ
တောင်​သမန်​အင်းရဲ့ ​လေပြည်​ညင်း​တွေ ကပ်​ငြိပါလာရဲ့ ပြည်​တွင်းမှာလည်း
လူ့​အောက်​ပိ ပြည်​ပမှာလည်း လူ့​အောက်​ပိ လူ့အောက်​ပိနှစ်​ပရိ​စ္ဆေဒ​ထဲ စိတ်​​တွေ
အနည်​ကျ​ကျောက်​လို ကျစ်​လစ်​သိပ်​သည်း ​​​ဒီမှာ​တော့ မည်းမည်းမြင်​ရာ 
လောကဓံဆီအုန်း​တောချည်းပါပဲ ဒီမှာ​တော့ မည်းမည်းမြင်​ရာ တပ်​​ပိုင်​​မြေ​တွေ
ချည်းပါပဲ ​ဈေးချိုသူ​လေးရယ်​ ဘဝဟာ ​ဈေးကြီးလွန်း​ပါတယ် မြို့ထဲကအိမ်​က​လေး
မြို့ပြင်​​ရွှေ့လိုက်​ရတဲ့ မျက်​ရည်​​​ဇာတ်​ကွက်​များ ​ထောင်​နှုတ်​ခမ်းကို နမ်း​နေရတဲ့ 
ရွှေ့​ပြောင်းလုပ်​သားများ ​​မြွေကြီး နှစ်​​ကောင်​ ဆီ​ရော ​ရောက်​ဖြစ်​​သေးလား ငါတို့
ခေတ်​​ဟာ ​မြွေ​ပေါက်​ခံရတဲ့ နှစ်​​တွေလား မန္တ​လေးဟာ နဂါးစာဖြစ်​​နေပြီလား
ခြ​င်္သေ့တစ်​ပိုင်းငါးတစ်​ပိုင်းကျွန်း​လေးဆီမျှော်​ကြည့်​​တော့ မာလက္ကာ​ရေလက်​ကြားထဲ
စီး​ဆင်း​နေတဲ့ အိမ်​​ဖော်​မ​လေး​တွေရဲ့ မျက်​ရည်​​တွေ ​ရွှေ​ခြေကျင်းသူ​လေး​တွေ
အိပ်​မက်လှလှ မက်​ပါ​စ နားထဲမှာ နာရီစင်​ကြီးရဲ့ နာကျင်​သံ ​ခေတ်​နာ ကံနာ
ဝဋ်​နာ ကာလနာ ပိုက်​ဆံ​​တွေဟာ ကျည်​ဆံ​တွေလိုပဲ လူကို​အချိန်​မ​ရွေး​သေ​စေတယ်
တိရစ္ဆာန်​ပုံ​နဲ့ ​ငွေစက္ကူ​တွေဟာ ဇာတ်​တူသား​ရော လူသား​ရော စားတယ်​ သယံဇာတ
လူ့အရင်းအမြစ်​​တွေ ​ဘေးထွက်​ဖိတ်​စင်​​နေပုံဟာ ခါးတယ်​ ရင်းဂစ်​ငါးတွေ မျှား​ရတာ
ညှီ​စော်​နံလွန်းတဲ့အခါ စိတ်​နဲ့ လှမ်းလှမ်းချိုး​နေမိတဲ့ မန်းကျုံး​ရေ အညှီရှိရာအုံ​နေတဲ့
မိတ်​အင်​ချိုင်းနား​ယင်​​ကောင်​​တွေ တဝီဝီ တဝဲဝဲ ဘယ်​လိုလုပ်​မလဲ မြို့ရိုးကို ဆံထိုး
လုပ်​​နေကြပြီ မြို့ရိုးကို ဆံထိုးလုပ်​​နေကြပြီ ဟဲလိုဟဲလို လိုင်းကလည်းစုတ်​လိုက်​တာ
လင်းလက်​တာရာ
24.5.2014
No comments:
Post a Comment