Friday, June 12, 2015

မပြီး​သေး




မလေးရှားနိုင်ငံ ပြီးတော့ ဂျိုဟိုးပြည်နယ် ပြီးတော့  ဘာတုပါဟတ်မြို့ ပြီးတော့
တိုက်တန်းလျား ပြီးတော့ ၃လွှာ ပြီးတော့ ​ခြောက်​ခမ်း​နေတဲ့ အခန်းတစ်ခန်း
ပြီးတော့  မြန်မာလူမျိုး ပြီးတော့ ကဗျာရေးသူ ပြီးတော့ လူငယ်တစ်ယောက်
ပြီးတော့  holiday ပြီးတော့ ကြယ်တွေစုံတဲ့ည ပြီးတော့ ရေစိမ်ထားတဲ့
လူငယ်အ​ရာင်​ဂျင်းဘောင်းဘီ ပြီးတော့ အုံ့ မှိုင်းမှိုင်း ပြီးတော့ နေရောင် ပြီးတော့ 
လေ​ကောင်း​လေသန့်ဆာ​နေတဲ့ ပြတင်းပေါက် ပြီးတော့ ဖြစ်နိုင်ခြေရှိသော
ပြီး​တော့ ခေတ်ပြိုင်ကဗျာ ပြီး​တော့ အလားအလာများ ပြီးတော့ သတင်းဆိုး
ပြီးတော့ ငယ်​ဘဝ နောက်ကြည့်မှန် ပြီးတော့ ကင်ဆာလို တ​မြေ့​မြေ့ ​အိမ်လွမ်းနာ
ပြီးတော့ အကုသိုလ်​​တွေ စွန့်​ပစ်​လို့မရတဲ့ အမှိုက်ပုံး ပြီးတော့ အပြုံးတု ပြီးတော့
miss called ပြီးတော့ ပူအိုက်​နေတဲ့​ပန်ကာ ပြီးတော့ အကျယ်​ချုပ်​လို နံရံ
ပြီးတော့ ရဲကား ပြီးတော့ ပင့်ဂူမျှင်တန်းများ ပြီးတော့ အလင်းငတ်​​နေတဲ့ မီးချောင်း
ပြီးတော့ အေးအေးဆေးဆေးလမ်း ပြီးတော့ ရေစက်ကျသံ ပြီးတော့ အ​ရေး​ပေါ်
ဥဩဆွဲသံ ပြီးတော့ အမှောင်တစ်ခြမ်း ပြီးတော့ ဒုက္ခသစ္စာ ပြီးတော့ လောကဓံ စီးချင်း
ပြီးတော့ ဂေါ်ဂင်ရဲ့ သစ်သီးကို ပြီးတော့ အရည်ရွှမ်းအောင် ရေးနည်း ပြီးတော့ 
ညှိုး​ရော်​​နေတဲ့ လူ့အရင်းအမြစ်​များ ပြီးတော့ ဂဃနဏ ပြီးတော့ စိတ်​အနာတစ်​ခုလို
ထထ​အော်​​နေတဲ့အလန်း ပြီးတော့ ဖုန်​ခဏခဏသုတ်​​ပေး​နေရတဲ့ မိသားစုဓါတ်ပုံ
ပြီးတော့ စိတ်​​တွေသစ်​မလာတဲ့  မျက်နှာသစ်ခရင် ပြီးတော့ ဆု​တောင်း​လေး​တွေ
ထိုးစိုက်​ထားတဲ့ပန်းအိုး ပြီးတော့ တစ်​ကိုယ်​​ရေ နိုင်ငံရေး ပြီးတော့ ခင်ခင်ပျိုရေ
ပြီးတော့ စောင့်ခဲ့တယ် ပြီးတော့ ရောင်စုံဘော့ပင်န် ပြီးတော့ လုံး​ချေထားတဲ့စက္ကူ
ပြီးတော့  ရေပေါ်ဆီလူမှုရေး ပြီးတော့ သမ္မအာဇီဝချွေးများ ပြီးတော့ လိပ်​စာမပြည့်​စုံတဲ့
စာအိတ် ပြီးတော့ ကြည်လင်သော ပြီးတော့  ရေတံခွန်  ပြီးတော့ ဖူဆယ်ဖိနပ် ပြီးတော့
မာန ပြီးတော့ အပုပ်နံ့  ပြီးတော့ မှန်အကွဲ​တွေလို ​ကြေကွဲစ ပြီးတော့ ခြောက်အိပ်မက်
ပြီးတော့ လေယာဉ်လက်မှတ်အဟောင်းအမြင်း ပြီးတော့ မန်ယူ ပြီးတော့ panadol
ပြီးတော့ ချစ်​စိတ်​ကို ​ပိတ်​​လှောင်​ထားလို့မရတဲ့ သော့တွဲ ပြီးတော့ လူ့​အောက်​ပိခြင်း
ပြီးတော့ မထင်ရှော့ခ် ပြီးတော့ သတိတရအပိုင်းအစများ ပြီးတော့ တောက်ခေါက်သံ
ပြီးတော့ ဘဝရဲ့အမှား​တွေဖျက်​လို့မရတဲ့ ကော်ရပ်ရှင်ပင်န် ပြီးတော့ ထမင်းအသိုး
ဂရုဏာအသိုး ပြီးတော့  အိပ်​မ​ပျော်​တဲ့ မွေ့ ယာ ပြီးတော့ ပုထုဇဉ်​ ထီလက်​မှတ်​များ
ပြီးတော့ ဝမ်းနည်းပက်လက် ပြီးတော့ လူကြီးမင်း ခေါ်ဆိုနေသော ပြီးတော့ ဆက်သွယ်မှု
ဧရိယာပြင်ပ ပြီးတော့ မ​ရေးဖြစ်​​တော့တဲ့ ဒိုင်ယာရီ ပြီးတော့ မရရှိ​သေးတဲ့ ဒီမိုကရေစီ
ပြီး​တော့ ​ဒေါ်လာ​ဈေး ပြီးတော့ ငွေလွှဲဖြတ်ပိုင်း ပြီးတော့ ချဉ်တူးတူး ပစ္စုပ္ပန် ပြီးတော့
ကင်းရှင်းတဲ့စိတ်ရဲ့ နုတ်တိုက်ချပေးမှု ပြီးတော့ စာကြောင်းရေ ငါးဆယ့်လေး ပြီးတော့
မျက်​ရည်​​ချော်​ရည်​ပူ ပြီး​တော့ ကန္တာရဆူးပင်​လို အထီးကျန်ခြင်း ပြီးတော့ ဝဋ်​​ကြွေး
ပြီးတော့ မျှော်လင့်ချက် ပြီးတော့ အမာရွတ် ပြီးတော့ ဆယ်​လ်​မွန်​ငါး​တို့ အိမ်​ပြန်​ချိန်
ပြီး​တော့ ဆူရှီ ပြီးတော့ OT ပြီးတော့ ချေးငွေ ပြီးတော့ အွန်​လိုင်း ပြီး​တော့ သတ္ထုမိုးများ
ပြီးတော့ ရွာသွန်းခြင်း ပြီးတော့ အဆင်မပြေမှု မှတ်စုများ ပြီးတော့ ကဗျာဆိုတာ ပြီး​တော့
ပြုလုပ်​ခြင်း ပြီး​တော့ ပါမစ် ပြီးတော့ လကုန်ရက် ပြီးတော့ အလွမ်းတူးတူး ပြီးတော့
ပုပ်​​နေတဲ့ ပန်းသီးနီနီလို ပတ်စ်ပို့ စ် ပြီးတော့ မျှော်တော်​ယောင် ပြီးတော့ ဆန္ဒအ​ပေါက်
အပြဲများ ပြီးတော့ အိမ်ပြန်ချိန် ပြီးတော့ ဒီအ​ရေးအသား ပြီးတော့ ပြီးတော့ ပြီတော့
''ပြီးတော့”ဆိုတာ စိတ်​ပျက်​စရာ ဘဝကြီးကို “ပြီးတော့”လို့ ရပ်တန့် ခိုင်းတဲ့အဓိပ္ပာယ်လား
ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့

                                                                                 လင်းလက်တာရာ
                                                                                    ၂၇၊၁၂၊၂၀၁၂

No comments:

Post a Comment