Wednesday, April 15, 2015

'ဒီ​နေ့​နေသာရင်​ အဆင်​မ​ပြေမှုတွေ ထုတ်​လှန်းထားရမှာလား လူ့ဘဝ​ဟာ ညှီစို့စို့'


'​ချွေးပွင့်​ပွဲ' လို့ ဖွဲ့ရမလား ​ချွေး​တွေ အုံနဲ့ကျင်းနဲ့ ​ငွေ့ရည်​ဖွဲ့ ​တဖွဲဖွဲ ရွာ မျက်​ဖြူဆိုက်​​နေတဲ့ 
ခေတ်​ဟာ ငါတို့ကိုကြိုက်​လို့တဲ့ ပြန်​ကြိုက်​မကြိုက်​ အ​လေနဲ့အလွင့်​ကြားမှာ ပွင့်​ချပ်​​တွေ
ဖွာလန်​ကြဲ တစ်​ဖွာပြီးတစ်​ဖွာ ပြည်​သူလူထုအဆုတ်​ဟာ စုတ်​​နေပြီ ​လေကြီးဟာမိုးကြီးဟာ
လေကြီးမိုးကြီးဟာ ဟာ​နေတဲ့လမ်းက​လေးထဲ ဟာ​နေတဲ့ ရင်​ဘတ်​လမ်းက​လေးထဲ
ဟ​နေတဲ့ လိုင်း​တွေ တစ်​​ယောက်​ရဲ့ ငါး​ကြော်​ဟာ တစ်​​ယောက်​ရဲ့ ​ကြောင်​ခံတွင်းပျက်​ဆီ
ကူးခတ်​သွား ငါးရိုးစူး နှစ်​ပရိ​စ္ဆေဒ​များရဲ့ လှိုင်း​တွေ ​ဘာသာ​ရေးလှိုင်းများ နိုင်​ငံ​ရေးလှိုင်းများ
အွန်​လိုင်း​ပေါ်မှာတဝုန်းဝုန်း ပြတ်​​ရွေ့​ကြော​တည့်​တည့်​က အကြည်​ဓာတ်​ကမ်း​ခြေ​လေး
ဒုက္ခအသစ်​ကျပ်​ချွတ်​​တွေ​​ရေတွက်​ ​​မျက်​ရည်​ ပူပူ​နွေးနွး​တွေ ​သောက်​သုံး ဇာတ်တူသားစား
ခွေးသွားစိပ်​​တွေ ​နေ့စဉ်ရက်ဆက်​ လည်​ပတ်​ ပတ်​ပတ်​လည်​ ကာလယန္တရား ​ညှော်​နံ့​တွေ
ကြိုးဆွဲ​ခေါင်း​လောင်းက​နေ နာ​ရေးသတင်းတက်​လာ ​ဝရန်​တာက ပန်းအိုး​လေး လေထဲ
ခုန်​ချသွား နိမိတ်​ပုံ​ အဝတ်​ကြိုးတန်းဟာ တဆတ်​ဆတ်​တုန်​ခါ ​မုန်တိုင်း​​မိ ​မိသားစု
သစ်​ကိုင်းဖျား​လေးရဲ့ ဖီကွမ်​စီ တတိယထပ်​က ဇာတ်​လမ်းအကျိုးအပဲ့ကို စတုတ္ထထပ်​က
မြင်​​နေရ မမြင်​ချင်​​ယောင်​​ဆောင်​ရ လမ်းကြားမှာ မုဆိုးမတစ်​​ယောက်​ရဲ့ခြောက်​သ​ယောင်း
ဆံပင်​​တွေလို ​လောကဓံလှလှ ဘဝကို ဘာမှမ​ဆောင်းဘဲ ဖြတ်​သန်း​နေသူများ ​ရေမပါ
ထီးမပါ​ ချစ်​ခြင်း​မေတ္တာဆိုတာကြီးပါတယ်​​ဆိုလား ဆိုလာပြား​တွေလို ​နေ​ရောင်​ကိုအငမ်းမရ
စုတ်​ယူ စာသား​တွေကိုလည်း အဲသလိုစုတ်​ယူ ကဗျာဟာ သူ့ကိုယ်​သူ ​ဆယ်​ဖီရိုက်​​ 
ဖေ့စ်​ဘွတ်​​ပေါ်တင်​ အခွက်​​ပြောင်​ သံယံဇာတ​ပြောင်​​သွားတဲ့နိုင်​ငံ​ဟာ ဖင်​​ပြောင်​သလိုပါပဲ
ဟက်​ဟက်​! ​တွေ့ကရာဟတ်​တတ်​တဲ့ ပါးစပ်​ကြီး​တွေဟာ ပါးစပ်​ရာဇဝင်​မဟုတ်​ဘူး
သစ်​လုံးကား တွေမြင်​တိုင်း စိတ်​​တွေကန်းတယ်​ ဆင်​ချင်းအတူတူ ဆင်​ဖြူဖြစ်​ရတဲ့ ဝဠ်
ဒုက္ခ မျက်​နှာသစ်​တိုင်း သစ်​မလာတဲ့အ​ကြောင်းအရာ​တွေမှိုတက်​ မှိုနံ့စွဲအစဉ်​အလာများ 
ဒဏ်​ရာအ​ဟောင်း​တွေ​ ပေါင်းပြီး အက်​​ကြောင်းကြီးဖြစ်​လာပုံ သမိုင်းလမ်းဆုံ အလင်း
အ​မှောင်​ကို လိုသလို ​မှောက်​ချတယ်​ သွန်​ချတယ်​ ပြန်​​ကောက်​ထည့်​တယ်​ လိုသလို
ပုံသွင်းလို့ရ​သော ​ဖ​ယောင်းစစ်​ပွဲများ ဖ​ယောင်းငြိမ်းချမ်း​ရေးများ ဖ​ယောင်းချိုးဖြူငှက်​များ
ပန်းချီဆရာဟာ ကမ္ဘာကြီးရဲ့ပုံတူကို မီးခိုး​ရောင်​​ချည်းသုံးသွား သူ့မှာ ​ဆေး​ရောင်​စုံရှိလျက်​နဲ့
သွား​တွေ တုံးသွားတဲ့အထိ အာဏာကြိုး​တွေ တစ်​ပင်​ပြီးတစ်​ပင်​ ကိုက်​ဖြတ်​ ကိုယ့်​လည်းပင်း​က
ကြိုးကို ကိုယ်​တိုင်​ စွပ်​​ခဲ့တာ အစရှိသဖြင့်​ မဆုံး​တော့ လူ​တော့မဆုံး​သေး နာမည်​က အခါခါ​သေ
မြည်​သံစွဲအလင်္ကာ​တွေ ပြွတ်​သိပ်​​နေ​အောင်​ သီး​နေတဲ့ မြို့ကြီး မီး​နေသည်​ စီစီတီဗီ​ဖွင့်ထားလည်း
သင့်​စိတ်​ကို မပိတ်​ပစ်​ပါနဲ့ သင့်​စိတ်​ကို ဖွင့်​ထားပါ ​ငွေမည်းဟာ ​ငွေဖြူ​ငွေမည်းခွဲခြားခံရလို့
တရားစွဲတယ်​ တရားကို ​ငွေမည်းကနိုင်​သွား ဖြူစင်​​သောထမင်းလုတ်​​တွေကိုသာ ဆာ/ စားပါရ​စေ
စပါးဟာ ဆန်​ဖြစ်​​ကြောင်းပြဖို့ ရိတ်​ သိမ်း ​ခြွေ ​လှေ့ ကြိတ်​ ခွဲခံရသလိုမျိုး ငါတို့ ရိတ်​ သိမ်း ​ခြွေ​ လှေ့ 
ကြိတ်​ ခွဲခံရ 'ပျော်​ရဲ့လား'ကို ခ​လောက်​ကြည့်​​တော့ ဂ​လောက်​ဂ​လောက်​နဲ့ ​​အဆံ​ချောင်​​နေတဲ့
လူတစ်​စုဟာ အ​ချောင်​စံ​နေတယ်​ အ​ချောင်​စံ​နေတဲ့ လူတစ်​စုဟာ အဆံ​ချောင်နေတယ်
ဒီ​လောက် အကျည်းတန်​​နေတဲ့ အကြပ်​အတည်းကြီးထဲ

လင်းလက်​တာရာ
13.4.2015

No comments:

Post a Comment