Monday, January 5, 2015

ယ​နေ့ - ၁၂

လက်​ထဲက ဆယ်​လ်​မွန်​ငါးဆီက ပင်​လယ်​နံ့ရတယ်
ပင်​လယ်​နံ့ရလို့ ကမ်း​ခြေကြီးတစ်​ခုကို စိတ်​ကူးလိုက်​တယ်
လှိုင်းလုံး​တွေ ​ကျောက်​​ဆောင်​​တွေ ခရုခွံ​တွေ စင်​​ရော်​​တွေ
သန္တာ​ကျောက်​တန်း​တွေ ​ရေ​မှော်​​တွေ ​နေလုံးနီနီ​တွေ တပ်​ဆင်​လိုက်​တယ်
ငါးဖမ်းသ​င်္ဘော​တွေ​တော့ ချန်​ထားလိုက်​တယ်
လိုအပ်​လို့ မုန်​တိုင်းတစ်​ခု နှစ်​ခု ထပ်​ဖြည့်​တယ်
တိမ်​ထူထူ ခြယ်​တယ်​ ကောင်းကင်​ပြာပြာကြီး တခုတ်​တရထည့်​တယ်
ပင်​လယ်​ထဲ မြုပ်​ဝင်​သွားမယ့်​ လဝန်းဝိုင်းဝိုင်းကြီးလည်းပါ​သေးတယ်
ချန်​ထားခဲ့တဲ့ ငါးဖမ်းသ​င်္ဘော​တွေက စိတ်​မှာ ​ကျောက်​ဆူးလာချတယ်
ခင်​ဗျား ဆူရှီကြိုက်​လား ကျွန်​​တော့်မှာ​တော့ ဆူရှီ အလာ့ဂျစ်​ရှိတယ်
လက်​ထဲက ဆယ်​လ်​မွန်​ငါးဆီမှာ​တော့ အိမ်​ပြန်​ချိန်​မရှိ​တော့ဘူး



လင်းလက်​တာရာ

No comments:

Post a Comment