သယံဇာတတွေ ပေါကြွယ်ဝတာလည်း အန္တရာယ်ပဲ
သယံဇာတတွေဟာ တိုင်းပြည်ကို မျက်နှာပန်းလှစေတယ်
သယံဇာတတွေဟာ စစ်ကိုမြူဆွယ်တယ်
သယံဇာတတွေဟာ တိုင်းပြည်အချင်းချင်း အမြတ်ထုတ် ကုတ်သွေးစုပ်စေတယ်
သယံဇာတတွေကြောင့် တိုင်းပြည်တိုးတက်သလို
သယံဇာတတွေကြောင့်ပဲ တိုင်းပြည်ဟာ ဆုတ်ယုတ်ပျက်စီး
သယံဇာတတွေဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး
ခေါင်းဆောင်ကောင်းတွေက သယံဇာတတွေကို သားအရင်းလို ချစ်တယ်
ခေါင်းဆောင်ညံ့တွေက သယံဇာတကို မယားပါသမီးလို မုဒိမ်းကျင့်တယ်
လင်းလက်တာရာ
No comments:
Post a Comment