လေညင်းတစ်ပုဒ်နဲ့ မုန်တိုင်းတစ်ရာ 
.......................................................
ပန်းအိုးထဲ
မိသားစုကို အလှစိုက်ချင်တဲ့စိတ်ကလေး
မိုက်ရူးရဲတယ်
ကိုယ့်ခံစားမှုလေးနဲ့ ကိုယ်
အိပ်မက်တွေ ထူတာ ဆန်းသလား
ရောင်းရန်ရှိသည် ဆိုတဲ့ ဆိုင်းဘုတ်ကလေးရဲ့ ခက်ဆစ် 
ရောင်းရန်မဟုတ် ဆိုတဲ့ ပန်းချီကားကလေးရဲ့ အဓိပ္ပာယ် 
နက်နဲမက်စောက်တယ်
နံရံက အက်ကြောင်းကို  မျှားသလိုမျိုး 
ပျော်ရွှင်မှုကို ငွေကြေးက မျှားတယ် 
ငွေကြေးကို လူက မျှားတယ် 
လူကို ချစ်ခြင်းမေတ္တာက မျှားတယ် 
ချစ်ခြင်းမေတ္တာကို ဘာနဲ့မျှားရမလဲ 
သူရူးတစ်ယောက်လို 
လရောင်ကို သေတ္တာထဲ သော့ခတ်ထားမိပေါ့
လင်းလက်တာရာ 
21.8.08
 
No comments:
Post a Comment