Tuesday, December 17, 2019

ရေဆန်လမ်း

ရေဆန်လမ်း
......................


သနပ်ခါးတုံးလေးလို 
ဘယ်ပါးပြင်ကိုမှ အမုန်းမပွားချင်

အရိုးသားဆုံး ပြောရရင်
ရိုးရိုးသားသား မိုက်မဲခဲ့

နှုတ်မရဘူး
မေတ္တာတရား ရဲ့ခြေဖဝါးမှာ
စိုက်ဝင်နေတဲ့ ကန္တာရ ဆူးတစ်ချောင်း

လောကဓံရဲ့ဂျင်းဘောင်းဘီနဲ့မှ
လိုက်တယ်ဆိုတဲ့ကောင်
အယောင်ဆောင် တံလျှပ်တွေထဲ သေလုမျောပါး

သုခဘုံဆိုတာ 
ဘယ်ရုံမှာ ပွင့်တာလဲ
အမျှော်တွေ လေလွင့်ရပေါင်းများပြီ

ဝမ်းရေး တဲ့
ဘဝရဲ့ရွက်ပျက် လှေကလေးပေါ်
ပင်လယ်ကို တင် လှော်နေရ


လင်းလက်တာရာ
10.6.09

No comments:

Post a Comment