Thursday, July 16, 2015

အချိန်​က တက်​ဂ်​​ပေးထားတဲ့ပို့စ်

အချိန်​က တက်​ဂ်​​ပေးထားတဲ့ပို့စ်



နောက်ကျခြင်းကို  တရားစွဲဆိုလိုက်တယ် အချိန်​က တံခါးကို  ဘယ်လောက်ပဲ
ပိတ်ပိတ် သန်းခေါင်ဟာ နေရောင်လို ထိုးခွဲ ဝင်ရောက်လာပါလိမ့်မယ် အချိန်​က
သေခြင်းတရားဟာ ဘယ်တော့မှလာဘ်မစားဘူး မယုံရင်ရေဝေးသွားကြည့် အချိန်​က
ရယ်မနေနဲ့ တစ်စက္ကန့် ဟာ ခင်ဗျား ဖအေ အရင်း မဟုတ်ဘူး အချိန်​က ဟေ့လူကြီး!
အချိန်ကို ဘာလို့ ဖင်ခုထိုင်နေရတာလဲ နှမျောစရာကြီး အချိန်​က အောင်းမလေးဗျာ!
အမှိုက်ပုံ/ပုံးထဲ အချိန်တွေ သွန်ထည့်ရသလား အချိန်​က ကားမောင်းသွားတဲ့နောင်ကြီး
အချိန်ကို ကွမ်းတံတွေးလို လက်လွတ်စပယ် မထွေးရဘူးလေ အချိန်​က သေတော့မှာပဲ
အချိန်ကို မကြည့်ဘဲ လမ်းဖြတ်ကူးတယ် ဟူး! အချိန်​က ဒီမှာညီလေး အချိန်ရဲ့တန်ဖိုး
Block လုပ်ထားမှတော့ မင်းလက်ပေါ်က နာရီကြီး ဝဲပစ်လိုက်ပါကွာ အချိန်​က
ရော...မိတ်ဆွေကြီးနဲ့ တော့ခက်ပြီ အချိန်ဝယ်ချင်ရင် အိပ်မက်ထဲမှာဝယ် အချိန်​က
လျှော့မတွက်နဲ့ အချိန်ပို(၃)မိနစ်ဟာ နိုင်ငံတစ်နိုင်ငံကို လက်ခုပ်သံတွေ ရွှဲရွှဲစိုအောင်
ရွာပြနိုင်တယ် အချိန်​က ခင်ဗျားရဲ့  အလေနတော ၁၀၉/၁၁၀တွေ ပျော်ပျော်ပါးပါး
ငရဲသွားတောလားတွေ အချိန်ထဲမှာ အချိန်ဘယ်လောက်များများ အချိန်​က ကမ္ဘာကြီးဟာ
အချိန်နဲ့ အမျှ ပြောင်းလဲ အချိန်နဲ့ အမျှ တိုးတက် အချိန်နဲ့ အမျှ ဆိုးယုတ် အချိန်နဲ့ အမျှ
ပုပ်သိုး အချိန်​က ခုချိန်ထားတဲ့ ပစ်ကွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြီးဟာ ငြိမ်နေပြီလား
အချိန်​က စကားမစပ် ဒါလီရဲ့  နာရီကိုရော မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ အချိန်​က
အချိန်​ထဲမှာ အနုပညာဟာညည်းငွေ့ စရာ နည်းပညာဟာ ညစ်နွမ်းစရာ လိင်မှုပညာဟာ
ညစ်ညူးစရာ အချိန်​က အချိန်ထဲမှာ နေ့ စဉ်ပေါက်ကွဲနေတဲ့ ဗုံး နေ့ စဉ် ကူးစက်နေတဲ့ရောဂါ
နေ့ စဉ် သေကြေပျက်စီးနေတဲ့ခန္ဓာ အချိန်​က အချိန်ထဲမှာ ခေတ်စမ်း အချိန်ထဲမှာ ခေတ်ပေါ်
အချိန်ထဲမှာ ခေတ်ပြိုင် အချိန်ထဲမှာ ကိုလိုနီ အချိန်ထဲမှာ ဒီမိုကရေစီ အချိန်ထဲမှာ စစ်ပွဲ
အချိန်ထဲမှာ ငြိမ်းချမ်းရေး အချိန်​က အချိန်နဲ့ ဒီရေဟာ လူကိုဘယ်တုန်းကစောင့်ခဲ့လို့ လဲ
ချက်လက်မှတ်ကြီးနဲ့ လာပြီးမခြောက်ပါနဲ့ အချိန်​က နေ့ စားအလုပ်သမလေးက အချိန်ကို
ရီမုတ်​နဲ့ ကျော်ပစ်ချင်တာ ဘီလ်ဂိတ်က အစ အိုဘားမားအဆုံး အချိန်ကို  ရပ်တန့် ဆွဲဆန့် 
ကြိုးကိုင်ချယ်လှယ်​​ထားချင်တာ သဘာဝကျပါတယ် အချိန်​က ကျေးဇူးပြုပြီး ငြိမ်းချမ်းရေးကို
ချိန်းဆိုကြပါ အဓမ္မတွေကို အချိန်းအချက်မလုပ်ကြပါနဲ့ အချိန်​က ကြားလား! အချိန်ကစကား
ပြောပါလိမ့်မယ်ဆိုတဲ့ ကြိုးဝိုင်းထဲမှာ(၁)ကနေ(၁၀)ထိ ရေနေပြီ အချိန်​က တစ်ချိန်တည်းမှာပဲ
လူမုန်းများများနေတဲ့ ဗီလိန်ကြီးဟာ ကျုပ်ဆိုတဲ့ အချိန်ကြီးဖြစ်နေပါလားကွယ်ရို့ အချိန်​က
တစ်ချက်လောက် ကလစ်နှိပ်ကြည့်စမ်းပါ ကျုပ်ရဲ့ ပြတ်သား တိကျ မျှတတဲ့ အမှန်တရားတွေကို
သောက်မြင်ကပ်လို့ တဲ့ ကျုပ်ရဲ့ ချိန်သားကိုက်မှုတည့်တည့်မှာ ချိန်ကိုက်ဗုံးထောင်နေကြတဲ့
သတ္တဝါတွေ ဟားဟားးးးးးးးးးခင်ဗျား မေ့နေပြီလား ဘုရားသခင်တောင်  ကျုပ်ရဲ့ အချိန်အကန့် 
အသတ်ထဲမှာ သေပွဲဝင်ရတယ် ကျုပ်လား...ကျုပ်က ဘယ်တော့မှ မသေတဲ့ ငပေငတေ
ကလေကချေလေးပါဗျာ ဟဲဟဲ အချိန်​က ကဲ  Like,Comment,Share တစ်ခုခုလောက်
အချိန်​က :-) :-) :-)



လင်းလက်တာရာ
ဖေ​ဖော်​ဝါရီ ၊ ၂၀၁၂ ၊ ရယ်​စရာမဂ္ဂဇင်း

No comments:

Post a Comment