မိုးတွေ ရွာနေတယ် 
...........................
မိုးတွေ ရွာနေတယ် ။ တစ်နေရာတည်း ကွက်ရွာနေ ။
ငါ့ဘေးနားက လူတွေ မိုးရေမစိုဘဲ ငါက မိုးရေတွေ ရွှဲနေ။
ခေါက်သိမ်းထားတဲ့ အမှတ်တရတွေ ထုတ်ဆောင်းပေမယ့် မလုံဘူး။
မိုးပြေးမဟုတ်။  တစိမ့်စိမ့်ရွာနေတဲ့ မိုး ။ မိုးရေစိုသွားတဲ့ ငါ့ဆံပင်တွေဟာ 
အမေ့အိမ်ရှေ့က ရွက်လှပင်လေးတွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့လက်တွေဟာ ငယ်ဘဝရဲ့ကျောင်းဆင်းချိန်တွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့ခြေထောက်တွေဟာ အဝေးပြေးလမ်းမတွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့အသံဟာ လယ်ကွင်းစိမ်းစိမ်းတွေ ဖြစ်သွား။
မိုးတွေက ငါ့ဆီ လာရွာတယ်။  ငါက မိုးတွေဆီ သွားရွာတယ်။
ရွာကလေးက ငါ့ဆီ လာရွာတယ်။ ငါက ရွာကလေးဆီ သွားရွာတယ် ။
နှလုံးသားမှာ ရွာနေတဲ့ မိုးက ဘယ်တော့မှ မတိတ်ဘူး။
အိမ်ပြန်ချင်စိတ်နဲ့ တစိမ့်စိမ့် ရွာနေတဲ့ မိုးတွေ။
လင်းလက်တာရာ 
22.7.1019
No comments:
Post a Comment