Saturday, April 13, 2019

မြေအောက်ခန်းထဲက တိမ်တိုက်တွေ

မြေအောက်ခန်းထဲက တိမ်တိုက်တွေ
................................................

ဘဝကို 7-Eleven လို ၂၄ နာရီဖွင့်ထားရ

စိတ်ကို တဒီးဒီးတိုက်ဖျက်နေတဲ့ လူမှုလွှသွားစက်များရဲ့ဝေးရာ
သစ်တောကြီးတစ်ခုလုံးကို သစ်စေ့လေးထဲမှာ ဝှက်ထားမိ

နိုင်ငံရေးသမား ကြွက်ဟာ သူကိုက်ဖြတ်ထား တဲ့
ငြိမ်းချမ်းရေးအပိုင်းအစတွေကို အပျင်းပြေ ပြန်ဆက်နေတယ်

ဘယ်လိုပျော်ရွှင်မှုလဲ ဆိုတော့
ကိုယ့်အရေးပြားကိုယ် ဗုံလုပ်တီး ကခုန်နေရသလိုမျိုး

အမှောင်ဆားဟာ အလင်းတီကို လှမ်းလှမ်းတို့ပြီး စတယ်
သမိုင်းနံရံမှာ သွေးမြစ်တစ်မြစ် စီးမြဲစီးတယ်

လူသားဟာ စက်ရုပ်ဆန်လာပြီး
စက်ရုပ်ဟာ လူသားဆန်လာပြီ

ဘဝကို မအောင်မြင်တဲ့ စက်ရုံတစ်ရုံလို
အေးအေးလူလူ ပိတ်ထားလိုက်ချင်

လင်းလက်တာရာ
ဧပြီ ၊ ၂၀၁၉

No comments:

Post a Comment