Wednesday, May 3, 2017

အိုးထရက်​ဖို့ဟာ ငါ့လူငယ်ဘဝရဲ့ကျောပိုးအိတ်ထဲမှာ

အိုးထရက်​ဖို့ဟာ ငါ့လူငယ်ဘဝရဲ့ကျောပိုးအိတ်ထဲမှာ
_____________________________________

မြက်ခင်းစိမ်းမြကို ငါ့ဂြိုဟ်ရံလပေါ် စိုက်ပျိုးကြည့်တယ်
WOW စိမ်းစိုစိမ့်လဲ့။ ဧရာဝတီဟာ ငါ့ပါးပြင်ပေါ်က မျက်ရည်စီးကြောင်း။
အာရှတိုက်ကို အိပ်မက်ထဲရွှေ့ကြည့်တယ်
မဆံ့လောက်ဘူးထင်ထားတာ ချောင်တောင်နေသေး။
ကြိုးတန်းမှာ ချိတ်နဲ့တွယ်ပြီးလှန်းထားတဲ့ ရေခဲတောင်ကို ယူပြီးဝတ်လိုက်တယ်
နွေးနေတာပဲ။ ကြယ်တွေဟာ ငါ့တောအုပ်။
ငါ့တောအုပ်ထဲက ရေတံခွန်ဟာ ခင်ဗျားဆီကတူးယူလာတဲ့
ကန္တာရလွင်ပြင်။ အာရပ်နွေဦးဟာ ဟော့ဒီမိုးရေစက်တွေပေါ့။
လွတ်လပ်ရေးကျောက်တိုင်ဟာ ဒုံးကျည်ဖြစ်သွားပြီး
ဗုံးခိုကျင်းဟာ သမိုင်းပြတိုက်ဖြစ်သွားတယ်
တရုတ်ပြည်က လျှာနက်ကြီးဟာ ငါတို့ကို လှမ်းလှမ်းလျှက်တယ်လို့ ငါတွေးတယ်
ငါ့အတွေးဟာ သီလဝါဆိပ်ကမ်းမှာကုန်ထမ်းနေတဲ့ ရိုဒင်ရဲ့ရုပ်ထုဆီမှာ ရပ်သွား
ရပ်တယ်ဆိုတာ သွားတာ ။ အသားစိုင်တွေဟာ မာရီလင်မွန်ရိုးရဲ့ ဂါဝန် လို လွင့်လို့
ပင်လယ်ဟာ နှစ်ချို့ဝိုင်၊ အမြည်းက နေလုံးနီနီ
မီယာမီကမ်းခြေက သဲပွင့်လေးတစ်ပွင့်ဟာ ငါ့ဆံခြည်မျှင်
ကျားသားရည်ပေါ်မှာ အမေဇုန်တောအုပ်တက်တူး။ တိရစ္ဆာန်​ရုံဟာ လူလုပ်ထောင်
တောင်အမေရိက ဘော်လုံးစကေးတွေ အငွေ့တလူလူထွက်နေတဲ့ သောက်လက်စကော်ဖီ
ငါတည်ဆောက်နေတာ ပဲရစ်မျှော်စင်မဟုတ်
ပဲရစ်မျှော်စင်ရဲ့ထိပ်ဖျားမှာ ခြေဖျားထောက်ရပ်နေတဲ့ကဗျာ

လင်းလက်တာရာ
3.5.2017

No comments:

Post a Comment