သံလိုက်အိမ်မြှောင်
.......................
မြောက်အရပ်ကို ညွှန်မပြဘူး
မြောက်အရပ်မှာ မိသားစု ချစ်ခြင်းတရားနဲ့ ပွဲတော်တွေ ရှိမရှိ သူမသိ
တောင်အရပ်ကိုလည်း ညွှန်မပြဘူး
တောင်အရပ်မှာ ငွေကြေး ဘုရားသခင်နဲ့ စစ်ပွဲတွေ ရှိမရှိ သူမသိ
အရှေ့အရပ်ကိုလည်း ညွှန်မပြဘူး
အရှေ့အရပ်မှာ ရတနာသိုက် အသားစားသတ္တဝါများ နဲ့ သုခဘုံ ရှိမရှိ သူမသိ
အနောက်အရပ်ကိုလည်း ညွှန်မပြဘူး
အနောက်အရပ်မှာ မသေဆေး အငတ်ဘေးနဲ့ သေခြင်းတရား ရှိမရှိ သူမသိ
အရပ်ရှစ်မျက်နှာစလုံး ညွှန်မပြဘူး
အရပ်ရှစ်မျက်နှာမှာ ဘာတွေ ရှိမရှိ သူမသိ
သူဟာ ရိုးရိုးသားသား သံလိုက်အိမ်မြှောင်အစုတ်ကလေးပါပဲ
ကမ္ဘာကြီးမှာတော့ အရပ်မျက်နှာအမှားကြီးပေးတတ်တဲ့ သံလိုက်အိမ်မြှောင်တွေအများကြီး
လင်းလက်တာရာ
8.2.2016
No comments:
Post a Comment