Thursday, July 16, 2015

မင်​နီဘယ်​​လောက်​များများ မင်​ပြာဘယ်​​လောက်​များများ

မင်​နီဘယ်​​လောက်​များများ မင်​ပြာဘယ်​​လောက်​များများ



တစ်သက်နဲ့ တစ်ကိုယ်
ငါးဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငါးဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
တစ်သက်နဲ့ တစ်ကိုယ်
ငှက်ဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငှက်ဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
ဘဝဆိုတာ
ငိုသံတွေနဲ့ စပြီး ငိုသံတွေနဲ့ ပဲဆုံးရမှာလား
ငွေသံတွေနဲ့ စပြီး ငွေသံတွေနဲ့ ပဲဆုံးရမှာလား
တရားနည်းလမ်းကျကျ
စားခဲ့တဲ့ထမင်း ဘယ်နှစ်လုတ်
သမ္မာအာဇီဝကျကျ
ရှူခဲ့တဲ့လေ ဘယ်နှစ်ရာခိုင်နှုန်း
စိတ်ရောကိုယ်ပါမွှေးမိတဲ့ မီးဘယ်နှစ်ကီလို
စိတ်လိုလက်ရငြှိမ်းမိတဲ့မီး ဘယ်နှစ်အောင်စ
မွေးနေ့ မှာ
ငါ့ကိုယ်ငါ ပြန်မွေးရဦးမယ်


လင်းလက်​တာရာ
စက်တင်ဘာ၊၂၀၁၂၊မဟေသီမဂ္ဂဇင်း
                          

                   

No comments:

Post a Comment