Wednesday, March 25, 2015

ခြေ(စစ်​ပွဲများ)




၁၀နှစ်​အရွယ်​ စားပွဲထိုး​လေးဟာ
ကျောနံပါတ်​ ၁၀ ကို ဝတ်​ဆင်​ထားတယ်
သူ့လိုပဲ သူ့အရွယ်​​တွေ ဆင်​တူဂျာစီ​တွေနဲ့ 
ကျောနံပါတ်​ကိုယ်​စီ

သူ့ အရွယ်​​ဟာ စာသင်​ခန်းထဲမှာ ရှိရမယ့်​အရွယ်
သူ့ အရွယ်​ဟာ ​အကယ်​ဒမီ​ဘောလုံးသင်​တန်း​ကျောင်းမှာ ရှိရမယ့်​အရွယ်
စနစ်​ဆိုးကြီးက​တော့ အရွယ်​မ​ရွေးဘူး
တိုက်​စားတယ်

ကျောနံပါတ်​ ၁၀
သူ့ ​ကျော​ပေါ်မှာပိ​နေတဲ့ ​ခေတ်​ကို ငါမြင်​​နေရတယ်
သူ့ ​ကျောပေါ်မှာပိ​နေတဲ့ ​ခေတ်​ဟာ ငါတို့​ကျော​ပေါ်မှာ ပိ​နေတဲ့ ​ခေတ်​ပါပဲ

Live လွှင့်​​နေတဲ့ ​ဘောလုံးပွဲထဲ သူ့စိတ်​ကပ်​ငြိ​နေပုံမှာ
လက်​ထဲက ပန်းကန်​ဟာ လွတ်​ကျ

ခွမ်းခနဲ

အသံမည်းမည်းကြီးက သူ့ ကို ဆဲတယ်
သူ့နာမည်​ကို နင်း​ချေတယ်

ငါနာကျင်​လိုက်​တာ
TV မှာ ငါတို့နိုင်​ငံ ဂိုးသွင်းခံလိုက်​ရပုံ အ​နှေးပြကွက်​လာ​နေတယ်

သူ လာချ​ပေးတဲ့ ​ကော်​ဖီကို ငါမ​သောက်​ရက်​ဘူး
သူ့ မှာ စိတ်​ကူးစိမ်းစိမ်း​တွေ ရှိ​နေမယ်​လို့ ငါ​တွေးတယ်

လမ်းေ​ဘးလက်​ဖက်​ရည်​ဆိုင်​ထဲက​ သူ့စိတ်​ကူးစိမ်းစိမ်း​တွေကို
ငါ​ စိတ်နဲ့ ​ရွှေ့ ယူ​နေမိ
ရှု့ ခင်းစိမ်းစိမ်း​တွေဆီ

အဲဒီ​နေ့က ငါတို့ နိုင်​ငံ ဂိုးပြတ်​မရှုံးခဲ့​ပေမယ့်
ဂိုးပြတ်​ရှုံးခဲ့ပါတယ်



လင်းလက်​တာရာ
26.3.2015

No comments:

Post a Comment