နွေဦးကာလမြူထသောအခါ
အကြမ်းဖက်ခံရတဲ့ မြူအိုးတွေ ခွမ်းခနဲ ကွဲကုန်တယ်
နိုင်ငံတော်တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီဟာ
ထန်းပင်ပေါ်က လှိမ့်ကျသွားတယ်
ကျီးတွေ အာပုံအားနည်းကအစ နောက်ကွယ်မှာ ကြိုးကိုင်ခံထားရတယ်
ထန်းလှီးဓားဟာ အိပ်ငိုက်နေတဲ့လွှတ်တော်ရဲ့ လည်မြိုကို ကြိုက်တယ်လို့ပြောတယ်
အိပ်ငိုက်နေတဲ့လွှတ်တော်ဟာ သူ့လည်မြိုကို ထန်းလက်နဲ့ ကာထားတယ်
ငါတို့ လိုချင်တဲ့ ပင်ကျရည်ဟာ ဒီအပင်က မထွက်ဘူး
ငါတို့ နှစ်သက်တဲ့ ပင်ကျရည်ဟာ ဒီအပင်က မရဘူး
ဒီအပင်ကနေ အဆိပ်ရည်တွေပဲရနေတယ်
မော့ကြည့်လိုက်တော့
နိုင်ငံတော်ထန်းနို့ဟာ တွဲလျောင်းကြီးကျလို့
ပျော့ခွေလို့ ညှိုးရော်လို့
ပန်းသေလို့
လင်းလက်တာရာ
6.3.2015
No comments:
Post a Comment