Saturday, September 7, 2019

ဘောက်ဆင်ဒေးများ

ဘောက်ဆင်ဒေးများ
.............................

ငါ့ငယ်ဘဝရဲ့ အခန်းထဲမှာ ဒေးဗစ်ဘက်ခမ်းရဲ့
တိကျသေချာသော ဖြတ်တင်ဘောတွေ ရှိခဲ့တယ်
အဲဒီ ဖြတ်တင်ဘောတွေကြောင့် ငါဟာ ပျံသန်းတတ်လာခဲ့တာ
ဆာအဲလက်စ်ဟာ ပီကေကို ဘာကြောင့်
ထပ်ခါ ထပ်ခါ ဝါးနေခဲ့သလဲ ငါတွေးတယ်
ဘဝရဲ့တချို့ ကစားပွဲတွေဟာ အချိုဓာတ်ကုန်ခမ်းသွားပေမယ့်
ဆက်လက်ဝါးနေရမှန်း ငါသိလာ
အဲရစ်ကန်တိုနာရဲ့ကွန်ဖူးကစ်ဟာ
ခါးသီးတဲ့လောကဓံတရားရဲ့မျက်နှာကို
ငါ ဖြတ်ကန်တတ်လာခဲ့ခြင်းအကြောင်းရင်းပေါ့
ဗန်ဒါဆားရဲ့ပင်နယ်တီ ကာကွယ်ပုံတွေက
ငါ့မိသားစုကို ငါ ကာကွယ်တတ်ခဲ့ခြင်းရဲ့ဇစ်မြစ်
ကမ္ဘာကြီးဟာ ဘောလုံးကွင်းကြီးတစ်ခုလိုပါပဲ
လူ့ဖြစ်တည်မှုဟာ ဘောလုံးပွဲတစ်ပွဲလိုပါပဲ
ဘဝမှာ ဘယ်ဂိုးက အလှ ဆုံးလဲ ဆိုတော့
နှလုံးသားနဲ့ သွင်းတဲ့ဂိုးတွေပေါ့

လင်းလက်တာရာ
8.2019

No comments:

Post a Comment