Tuesday, January 1, 2019

ဦးချစ်လက်ဖက်ရည်ဆိုင်လေးကို ဗဟိုပြု၍

ဦးချစ်လက်ဖက်ရည်ဆိုင်လေးကို ဗဟိုပြု၍
.

စိတ်ကိုတိုက်တဲ့လေက ပိုအေးတယ်
ရှပ်တိုက်ပစ်ခဲ့တဲ့ ခဲလုံးလေးတွေနဲ့ ခုံတန်းပြာ
အုပ်ကွဲထွက်နေတဲ့ ရေဘဲလေးနှစ်ကောင်နဲ့ ရောင်စုံစက္ကူလှေကလေး
ဂစ်တာသံဖွေးဖွေးနဲ့ အဆောင်သူလေးရဲ့ အိပ်ရာဝင်ပုံပြင်
သစ်ပုပ်ပင်မှာ သီချင်းတွေ ပွင့်လို့ မဆုံးတော့ဘူး

လင်းလက်တာရာ
၂၀၀၇

No comments:

Post a Comment