Thursday, February 22, 2018

ပလက်စတစ်သစ်ပင်

ငါ့ကို ချစ်သော နေခြည်နွေးနွေးက
မေတ္တာဓာတ်အပြည့်ဖြင့် ရွာပေးသော်လည်း
ငါ့မှာ အစာ မချက်လုပ်နိုင်
ငါက ချစ်သော ချစ်သူတွေအတွက်
အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်ဖို့ ဝေးစွ
သူတို့အဆုတ်ထဲ ဝင်ရောက်တိုက်ခိုက်မယ့်
ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကိုတောင်
စုပ်ယူမဖယ်ရှားပေးနိုင်
ဂေဟစနစ်အတွက် မြေကမ္ဘာကိုလည်း မျက်နှာမပြရဲ
ကြေကွဲဝမ်းနည်းအားနာမိပါတယ်
ငါ့အပေါ်လာနားပြီး တေးဆိုနေသော ငှက်ကလေးရေ

လင်းလက်တာရာ
23.2.2017

No comments:

Post a Comment