Thursday, April 23, 2020

ကပ်ကြီးထဲ နေထိုင်ခြင်း

ကပ်ကြီးထဲ နေထိုင်ခြင်း
.........................................


ဖြစ်နိုင်ရင် ဘယ်မှ မသွားနဲ့
ဘယ်သူ့ဘဝထဲမှလည်း မသွားနဲ့

သေကောင်ပေါင်းလဲများစွာဟာ
ခေတ်အဆက်ဆက် ခေတ်မီနေတဲ့ ဖက်ရှင်

လူတွေကို Lockdown ချလိုက်တာ
ကမ္ဘာကြီး နည်းနည်းတော့ ကျန်းမာလာမှာပဲ

လူသွားလမ်းမတွေပေါ်
တိရစ္ဆာန်လေးတွေ ပျော်ပါစေ

လူ့အတ္တတွေရဲ့ကင်းလွတ်ရာမှာ
သဘာဝတရားကြီး လှပါစေ

အားနေရင် ခင်ဗျားကိုယ်တိုင်
သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို
တရားနည်းနည်းထည့်ပြီး ပြန်ကြည့်ကြည့်

"သေတစ်နေ့ နဲ့ မွေးတစ်နေ့ ကြား
အပူတပြင်း လူလားဆန်ခတ် ဗျာများနေကြပုံ 
အဖြူအမည်း ဆေးရောင်စုံ"

ဘာတွေ တွေးပူနေတာလဲ
ဒီကပ်ကြီးပြီးရင် နောက်ကပ်ကြီးတွေ လာဦးမှာ



လင်းလက်တာရာ

April, 2020

No comments:

Post a Comment