နာရီပတ်သူများ
..........................
သေနေတဲ့ နာရီကို
မချွတ်စတမ်း ပတ်ထားသတဲ့
တချို့က ဆယ်နှစ်
တချို့က အနှစ် နှစ်ဆယ်
တချို့က အနှစ် သုံးဆယ်
ကွယ်လွန်ခဲ့ပြီဖြစ်တဲ့
ဘဝရဲ့အဖြစ်အပျက်တချို့ဟာ
စိတ်မှာ ထပ်ခါထပ်ခါ ပြန်ရှင်နေ
ငါ သူတပါး
ကျွန်တော် ခင်ဗျား
စိတ်မှာပတ်ထားသော စိတ်ပတ်နာရီများ
တချို့သော နှစ်ကာလများရဲ့စက္ကန့်သံလေးဟာ
ချောက်ချောက်ချားချား
လင်းလက်တာရာ
ဖေဖော်ဝါရီ ၊ ၂၀၂၀
No comments:
Post a Comment