" ဈေးမဆစ်နဲ့ ရော့ယူ ၊ ဒါဟာ လူငယ်တံဆိပ် "
စိတ်က 
ရှုပ်ပွနေတဲ့ အမှိုက်ပုံး တစ်ပုံး
ကိုယ့်နှလုံးသားကိုယ် 
ကျပ်ခိုးတင်ထားရတယ်
ကဗျာသာမရှိရင် 
ငါလည်း လွင့်စဉ် သွားမှာပဲ
စားပွဲပေါ် 
အော်သံဆန်ဆန်မေးခွန်းတွေ တင်ကျန်နေရဲ့
ငါးတွေကို လှည့်စားဖို့သက်သက်
ငါးစာတပ်ခဲ့တာပဲ မဟုတ်လား
ဘဝဆိုတာ 
ငါထိုင်နေတဲ့ သစ်ကိုင်းကို
မင်းခုတ်ချလိုက်သလိုမျိုး
အန္တရာယ်များတယ်
ပျော်စရာကောင်းတယ် 
လင်းလက်တာရာ
12.8.2009
No comments:
Post a Comment