Thursday, August 30, 2018

သတိရလို့ ဒီကဗျာရေးတယ်

သတိရလို့ ဒီကဗျာရေးတယ်
................................

ပိတ်ထားတဲ့ ပြတင်းကို စိတ်နဲ့ လှမ်းဖွင့်ရင်း သတိရတယ်
သစ်ရွက်ကလေးတွေ ကနေတာ ကြည့်ရင်း သတိရတယ်
ကန်ရေပြင်ပေါ် မိုးစက်လေးတွေ ရေဆင်းကူးတာ ကြည့်ရင်း သတိရတယ်
ငှက်ကလေးတွေ သီချင်းဆိုတာ နားထောင်ရင်း သတိရတယ်
လယ်ကွင်းစိမ်းစိမ်းပေါ် အလွမ်းစိမ်းစိမ်းကို ပစ်တင်ရင်း သတိရတယ်
လေတွေ လေချွန်တာ နားဆင်ရင်း သတိရတယ်
တိမ်တွေ လေကျင့်ခန်းလုပ်နေပုံကို ကြည့်ရင်း သတိရတယ်
ခြံစည်းရိုးမှာ သံယောဇဉ်တွေ တလူလူနွယ်တက်နေတာ ကြည့်ရင်း သတိရတယ်
ဒီကဗျာမရေးခင် သတိရတယ်
ဒီကဗျာရေးနေစဉ် သတိရတယ်
ဒီကဗျာရေးပြီးတော့လည်း သတိရနေတုန်းပဲ

လင်းလက်တာရာ
30.8.2018

No comments:

Post a Comment