Friday, July 27, 2018

လက်​​ဆောင်

လက်ဆောင်
................

မပျော်ရွှင်ခြင်းများစွာနဲ့
ရက်လုပ်ထားတဲ့ နေ့ရက်တွေထဲ
မျက်စိတဆုံး ကျယ်ပြန့်တဲ့
လာဗန်ဒါပန်းခင်းကြီးသာ ကိုယ်​ ဖြစ်လိုက်ချင်
အချစ်ရေ
အဲဒီလာဗန်ဒါပန်းခင်းကြီးထဲ
စိတ်လတ်ပေါ့ပါးစွာ
ပြေးလွှားဆော့ကစားလိုက်စမ်းကွဲ့
အသက်ဝဝရှူလိုက်စမ်းကွဲ့
ဟေးးးး လို့
အပြာရောင်မိုးကောင်းကင်ကြီးကြားအောင်
အားရပါးရ အော်ဟစ်ပစ်လိုက်စမ်းကွဲ့
ဟော့ဒီ ပိတ်လှောင်မွန်းကြပ်နေတဲ့
လူ့ဘောင်ကြီးမှာ
ပျော်ရွှင်စရာတွေကိုချည်း ရွေးပြီး
ညီမလေးကို ပေးချင်ရဲ့

လင်းလက်တာရာ

No comments:

Post a Comment