အချိန်ခရီးသွားခြင်း
......................
ဖြစ်ချင်တာက အချိန်ခရီးသွား
သွားချင်တာက
ဂေါတမ ပွင့်တော် မူခဲ့တဲ့ ကာလဆီ
အရိမေတ္တေယျ ပွင့်တော် မူမယ့် ကာလဆီ
ဖြစ်နေတာက
နေ့စဉ်လူမှုဝပ်ကျင်းလေးထဲမှာပဲ
အကျဉ်းကျနေတဲ့ ခရီးသွားတစ်ယောက်
ပြန်ပြန်ရောက်နေတာက
ခန္ဓာအိမ်ထဲ
လင်းလက်တာရာ
26.7.2018
(ခေါင်းစဉ် - သစ္စာမင်းအိမ်)
No comments:
Post a Comment