နှလုံးသားမှာ ကြယ်လေးတစ်ပွင့်ပဲ ပွင့်တယ် 
....................................................
မိုင်ပေါင်းများစွာက တိမ်ဖြူဖြူလေးကို 
စိတ်နဲ့ ဖမ်းခဲ့မိ
လွမ်းစရာ
တိမ်ဖြူဖြူလေးဟာ
ကိုယ့်တစ်ကိုယ်စာ ကဗျာတွေရွာချတယ်
ရွာကျလာတဲ့ ကဗျာထဲကနေ 
ပေါ့ပေါ့ပါးပါး တိုးထွက်ပျံသန်းလာတဲ့ ငှက်ကလေးတစ်ကောင် 
ကြည့်စမ်း
သူ့အတောင်ပေါ်မှာ ပန်းခင်းတွေ တောင်တန်းတွေ
ရေတံခွန်တွေ ဥယျာဉ်တွေ 
ချစ်ခြင်းမေတ္တာဆိုတာ 
ရင်မြေသားရဲ့ အဖိုးတန်ကျောက်မျက်
ခပ်နက်နက်တူးလေ
သံယောဇဉ်တွေ ပန်းထွက်လာလေ
ဝင်သက်ထွက်သက်ထဲ
တဖျပ်ဖျပ်ခုန်ပေါက်နေတဲ့
ထူးခြားဆန်းကြယ်မှုအခိုက်ဓာတ်လေး
ဆံနွယ်ရှည်စန္ဒယားသံတွေထဲ 
စီးမျောယိမ်းနွှဲ့ မိသူ " လေကောင်းလေသန့်လေး" ရဲ့ အလွင့်
နှလုံးသားမှာ ကြယ်လေးတစ်ပွင့်ပဲပွင့်တယ် ဆိုတဲ့ 
ကောင်းကင်ညီမလေး
အဖြူအစိမ်းဝတ် သစ်ပင်လေးဆီမှာ တောခိုပြီး
အဖြူအစိမ်းဝတ် သစ်ပင်လေးဆီမှာပဲ အလင်းဝင်ခဲ့မိပါတယ်
ဘ နဲ့ ဝ ကြားထဲကို 
တည့်တည့်မတ်မတ် စီးကျ စိမ့်ဝင်လာတဲ့
ရှေးရေစက်လေး
လင်းလက်တာရာ
1.7. 2018
No comments:
Post a Comment