ကမ္ဘာကို ကိုယ်စားပြုပြီး
လမင်းကြီးပေါ်မှာ
ညီမလေးနဲ့အတူ ဘောလုံးကစားမယ်
သန်းချီတဲ့ ကြယ်တွေက တစ်သင်း
ကိုယ်တို့နှစ်ယောက်က တစ်သင်း
ကြယ်တွေကို လိမ်ခေါက်ပြီး
ဝမ်းတူးရိုက် ဂိုးသွင်းရတာ ပျော်စရာ
ချစ်သောမြေကမ္ဘာအတွက်
စကြာဝဠာဖလားကို ဆွတ်ခူးခဲ့ကြ
လင်းလက်တာရာ
No comments:
Post a Comment