ဆောင်းပုံပြင်
_________
(က)
ငါက ပုံပြင်
မင်းက ပုံပြောသူ
နားဆင်သူ ဆောင်း
(ခ)
နှင်း
နှင်းတွေ
နှင်းတွေ တဖွဲဖွဲကျ
(ဂ)
ပုံပြောသူမင်းဟာ ခိုက်ခိုက်တုန်
ပုံပြင်ထဲ ထင်းခြောက်တွေထည့်ပြီး မီးလှုံ
ပုံပြင်ငါဟာ ပြာဖြစ်သွား
မင်းအချမ်းပြေရဲ့လား
(ဃ)
တကယ်တော့
ဆောင်းကလည်း အတု
နှင်းတွေကလည်း အတု
ပြာဖြစ်သွားတဲ့ပုံပြင်လေးကသာ အစစ်
(င)
ပုံပြောသူလေးအချစ်ကတော့
ကဗျာတွေတောင် ပြောင်းရွတ်နေရဲ့
#လင်းလက်တာရာ
6.2017
No comments:
Post a Comment