Friday, February 19, 2016

'ခင်​ဗျားတို့ ရှို့လိုက်​တဲ့​တောမီးက ကျွန်​​တော့်​စိတ်​ကူးထဲက ​တောအုပ်​​လေးကို မ​လောင်​ကျွမ်းနိုင်​'

'ခင်​ဗျားတို့ ရှို့လိုက်​တဲ့​တောမီးက
ကျွန်​​တော့်​စိတ်​ကူးထဲက ​တောအုပ်​​လေးကို မ​လောင်​ကျွမ်းနိုင်​'



ဘာသာစကားရဲ့လျှပ်​စီးပတ်​လမ်း​ကြောင်းမှာ ကဗျာဟာစီး​နေတယ်
ရွေ့ ​နေတဲ့ တိမ်​​တွေကို အိမ်​မက်​ထဲထည့်​ပြီး ပိတ်​လိုက်​တယ်
အိပ်​မက်​ပါတ​ရွေ့​ရွေ့ ပျံသန်းသွား
စိတ်​နဲ့​ရေးတဲ့မင်​​တွေ အရာထင်​ခဲ့ရုံမက ဖျက်​လို့​တောင်​မရခဲ့
ရွှေမြို့​တော်​ကြီးဟာ ခြ​တောင်​ပို့ကြီးလိုတ​မြေ့​မြေ့ တစ်​စပြင်​လိုတိတ်​တိတ်​ဆိတ်​ဆိတ်
သက်​တံ့ဟာ ရုတ်​တရက်​ကိုယ်​​ရောင်​​ဖျောက်​ပစ်​လိုက်​ပြီး
သူမဆံနွယ်​​တွေ​ပေါ် စကားပန်း​လေးအဖြစ်​လာပွင့်​ပြ​နေတယ်​လို့​ရေးပြီး လုံး​ချေမိ
ချစ်​ခြင်း​မေတ္တာရဲ့​မြေဆီလွှာဟာ ငါ့အမြစ်​​တွေဆီ မလာ​တော့
ငါအမြစ်​​တွေကပဲ ချစ်​ခြင်း​မေတ္တာရဲ့​မြေဆီလွှာဆီ သွားရတာ​ပေါ့
အရွက်​တဖားဖား​နေ့ရက်​​တွေ အလဟဿ ​ကြွေကျခဲ့ရပါတယ်
ပျော်​စရာထုတ်​လုပ်​ဖြန့်​ဖြူး​ရေး​ဒေါ့ကွန်းမှာ ငါနဲ့​တော်​တဲ့ဒီဇိုင်းရှာမ​တွေ့ဘူး
ကွက်​လပ်​အကြီးကြီးထဲမှာ ကွက်​လပ်​​သေး​သေး​လေး​တွေအပြည့်
ကိုယ်​တိုင်​ကွက်​လပ်​ဖြစ်​ရတဲ့ အရသာ
ငိုချင်းရှည်​ wi-fi ကို ကပ်​သုံး​နေတဲ့သူ​တွေ ​တော်​​တော်​များတဲ့မြို့ပြ
သမိုင်းတစ်​ခုနဲ့တစ်​ခု အကူးမှာ နိုင်​ငံ​တော်​ကြီး လက်​ပစ်​ကူး​နေ
လောက်တက်ေ​​နတဲ့လုပ်​ဇာတ်​​မှာ မိန့်​ခွန်းအပုပ်​အစပ်​​တွေ
ဖြစ်ရပ်မှန်​​​ဟာသ​တွေဟာ အဆီရွှဲနေတဲ့ပါးစပ်​ထဲဝင်​သွားတယ်
ပါးစပ်​ထဲမှာ ဘူဒိုဇာ​တွေအပြည့်​နဲ့ ​ကျောက်​စိမ်းတွင်းကြီး
နေ​တွေခြစ်​ခြစ်​​တောက်​ပူ​နေတဲ့ ကားလိပ်​ကြီးကျလာတယ်
မိုး​တွေသဲသဲမဲမဲရွာ​နေတဲ့ ကားလိပ်​ကြီးကျလာတယ်
နှင်း​တွေတဖွဲဖွဲကျ​နေတဲ့ ကားလိပ်​ကြီးကျလာတယ်
အဲဒီကားလိပ်​ကြီးသုံးလိပ်​ကြားထဲ လိပ်​လိပ်​ပြီးပါသွားကြ တလိမ့်​​ခေါက်​​ကွေး
အညံ့ဆုံးဆက်​သွယ်​​ရေးဆိုတာ
သေနတ်​​ပြောင်းဝ​တွေက​နေ အသက်​ဇီဝ​တွေဆီ ဆက်​သွယ်​ခြင်းပဲ
မျက်​ရည်​တံတားကို တည်​​ဆောက်​ခဲ့ကြသူများ
မျက်​ရည်​တံတား​ပေါ် ဖြတ်​​လျှောက်​ခဲ့ကြသူများ
မျက်​ရည်​တံတားရဲ့ဟိုဘက်​မှ ရှု့​မျှော်​ခင်းများ
မျက်​ရည်​တံတားရဲ့ဒီဘက်​မှ ဘဝများ
မျက်​ရည်​တံတား​ပေါ် ပန်း​လေးတစ်​ပွင့်​ပွင့်​​နေပုံများ
မျက်​ရည်​တံတား ကျိုးကျသွားပုံများ
ကဗျာတစ်​ပုဒ်​ဟာ လူ့အဖွဲ့ အစည်းထဲမှာ ပိတ်​မိ​နေ
တခြားကဗျာတစ်​ပုဒ်​က​တော့ လူ့အဖွဲ့အစည်းထဲက​နေ လွတ်​​မြောက်​​နေ
ဘာသာ​ရေးလူမျိုး​ရေးမြစ်​ကြီးထဲ လူ​တွေအစုလိုက်​အပြုံလိုက်​ကြီး ​မျောပါနစ်​မြုပ်​​နေ
ပင်​လယ်​ဓားပြတစ်​​ယောက်​ရဲ့ အိပ်​မက်​ဟာ ရတနာသိုက်​ပဲ
က​လေးစစ်​သား​လေးတစ်​​ယောက်​ရဲ့အိပ်​မက်​ရွက်​သစ်​​လေးမှာ​တော့ ပိုးစာ​ပေါက်​​တွေ
အာဏာရှင်​လမ်းမကြီး​ပေါ်မှာ လူ့အခွင့်​အ​ရေး​တွေ တစ်​စီးပြီးတစ်​စီး တိမ်း​မှောက်​​နေ
' မင်း ငါ့ကို ခိုးယူသွားခဲ့တယ်
ငါ့ကိုယ်​ငါပြန်​ယူဖို့ ဒီကို​ရောက်​လာတာ' ဆိုတဲ့ ဂျက်​စပဲရိုးဟာ ငါတို့နဲ့ခပ်​ဆင်​ဆင်
လူ​တွေက ငါးမန်းသားစားတယ်
ငါမန်း​တွေက လူသားစားတယ်
သဘာဝတရားကြီးဟာ ချစ်​ဖို့​ကောင်းပါတယ်
ကမ္ဘာကြီး​ရေ ကက အာကာသကြီး​ရေ ကက
အိပ်​ရာဝင်​ပုံပြင်​​တွေမှတဆင့်​ ကွန်​တမ်​ပိုရာရီ​ခေတ်​ပြိုင်​ဆီ
' ဒီ​ချောက်​ကြီးထဲ ခုန်​ချလိုက်​ရင်​ ရန်​ကုန်​ကို​ရောက်​မှာလား '
ဝါကျရှည်​ကြီးတစ်​​ကြောင်းဟာ လည်​ပင်းမှာလာပတ်​​နေ
အောက်​ဆီဂျင်​အသစ်​​တွေလိုချင်​လို့
'ပြည်​သူလူထုဟာ ​စောက်​ချဉ်​မဟုတ်​ဘူး' ဆိုတဲ့သစ်​ပင်​​တွေ စိုက်​ခဲ့ကြတာ
နှစ်​ရှည်​လများ အကျဉ်းချခံထားရတဲ့ နိုင်​ငံ​တော်​ကို
လုံခြုံ​ရေးအထပ်​ထပ်​ချထားတဲ့ကြားက​နေ အရှင်​လတ်​လတ်​ကယ်​ထုတ်​ခဲ့ကြတာ
ကဗျာရဲ့လျှပ်​စီးပတ်​လမ်း​ကြောင်းမှာ ဘာသာစကားဟာစီး​နေတယ်


လင်းလက်​တာရာ
20.2.2016

No comments:

Post a Comment