(နိဂုံး)
မြက်ရိတ်သမားဟာ မြက်ရိတ်ရင်း မျက်ရည်ကျ
မြက်ထုံးကြီး ထမ်းရင်း မျက်ရည်ကျ
နွားတစ်ကောင်မျှ မရှိတော့တဲ့ တင်းကုတ်ကို ကြည့်ရင်း မျက်ရည်ကျ
မြက်ရိတ်သမားဟာ မြက်ကို ရိတ်နေဆဲ
မြက်ထုံးကြီးကို ထမ်းနေဆဲ
တင်းကုတ် အပျက်ကြီးကို ပြင်နေဆဲ
မျက်ရည်နဲ့ မြက်တွေ ရောထွေးနေဆဲ
မြက်ခြောက်ပုံကြီးသာ တဖြည်းဖြည်းကြီးလာ
မြက်ရိတ်သမားမှာ နွားတစ်ကောင်မျှ မရှိ
နွားတစ်ကောင်မျှ မရှိတော့တဲ့ မြက်ရိတ်သမားမှာ
နွားတစ်ကောင်မျှ မရှိ
( နိဒါန်း)
လပြည်တော်မှာတော့ နွားတွေရှိတယ်
လပြည်တော်က နွားတွေဟာ အမဲသားစားတယ်
တဘို့ တည်းသော နွားတွေ ဖြစ်တယ်
ကိုယ့်ဘက်ကိုယ်ယက်သော ခြေလက်များ ပိုင်ဆိုင်ထားကြတယ်
သင်္ကန်းတောင် မရှောင်ဘူး ခွေ့ တယ် ဂျိုနဲ့ ပက်တယ်
နွားလားဥဿဖကြီးဟာ မြစ်လိုပဲ ကောက်ကွေ့ တယ်
ငရဲကို ရဲရဲကြီး ဖင်ခုထိုင်တယ်
လပြည်တော်မှာ နွားတွေရှိတယ်
လပြည်တော်မှာ လပြည်တော်မရှိ
(နောက်ဆက်တွဲ)
မြက်ရိတ်သမားဆီ
နွားတွေ ချီတက်လာကြလေပြီ
(အချပ်ပို-၁)
မြက်ခင်းလွင်ပြင်ကြီးလည်း
သေလေပြီ
(အချပ်ပို-၂)
မြက်ရိတ်သမားလည်း မရှိတော့
လင်းလက်တာရာ
16.6.2014
No comments:
Post a Comment