Friday, June 12, 2015
မပြီးသေး
မလေးရှားနိုင်ငံ ပြီးတော့ ဂျိုဟိုးပြည်နယ် ပြီးတော့ ဘာတုပါဟတ်မြို့ ပြီးတော့
တိုက်တန်းလျား ပြီးတော့ ၃လွှာ ပြီးတော့ ခြောက်ခမ်းနေတဲ့ အခန်းတစ်ခန်း
ပြီးတော့ မြန်မာလူမျိုး ပြီးတော့ ကဗျာရေးသူ ပြီးတော့ လူငယ်တစ်ယောက်
ပြီးတော့ holiday ပြီးတော့ ကြယ်တွေစုံတဲ့ည ပြီးတော့ ရေစိမ်ထားတဲ့
လူငယ်အရာင်ဂျင်းဘောင်းဘီ ပြီးတော့ အုံ့ မှိုင်းမှိုင်း ပြီးတော့ နေရောင် ပြီးတော့ 
လေကောင်းလေသန့် ဆာနေတဲ့ ပြတင်းပေါက် ပြီးတော့ ဖြစ်နိုင်ခြေရှိသော
ပြီးတော့ ခေတ်ပြိုင်ကဗျာ ပြီးတော့ အလားအလာများ ပြီးတော့ သတင်းဆိုး
ပြီးတော့ ငယ်ဘဝ နောက်ကြည့်မှန် ပြီးတော့ ကင်ဆာလို တမြေ့မြေ့ အိမ်လွမ်းနာ
ပြီးတော့ အကုသိုလ်တွေ စွန့်ပစ်လို့မရတဲ့ အမှိုက်ပုံး ပြီးတော့ အပြုံးတု ပြီးတော့
miss called ပြီးတော့ ပူအိုက်နေတဲ့ပန်ကာ ပြီးတော့ အကျယ်ချုပ်လို နံရံ
ပြီးတော့ ရဲကား ပြီးတော့ ပင့်ဂူမျှင်တန်းများ ပြီးတော့ အလင်းငတ်နေတဲ့ မီးချောင်း
ပြီးတော့ အေးအေးဆေးဆေးလမ်း ပြီးတော့ ရေစက်ကျသံ ပြီးတော့ အရေးပေါ်
ဥဩဆွဲသံ ပြီးတော့ အမှောင်တစ်ခြမ်း ပြီးတော့ ဒုက္ခသစ္စာ ပြီးတော့ လောကဓံ စီးချင်း
ပြီးတော့ ဂေါ်ဂင်ရဲ့ သစ်သီးကို ပြီးတော့ အရည်ရွှမ်းအောင် ရေးနည်း ပြီးတော့ 
ညှိုးရော်နေတဲ့ လူ့အရင်းအမြစ်များ ပြီးတော့ ဂဃနဏ ပြီးတော့ စိတ်အနာတစ်ခုလို
ထထအော်နေတဲ့အလန်း ပြီးတော့ ဖုန်ခဏခဏသုတ်ပေးနေရတဲ့ မိသားစုဓါတ်ပုံ
ပြီးတော့ စိတ်တွေသစ်မလာတဲ့ မျက်နှာသစ်ခရင် ပြီးတော့ ဆုတောင်းလေးတွေ
ထိုးစိုက်ထားတဲ့ပန်းအိုး ပြီးတော့ တစ်ကိုယ်ရေ နိုင်ငံရေး ပြီးတော့ ခင်ခင်ပျိုရေ
ပြီးတော့ စောင့်ခဲ့တယ် ပြီးတော့ ရောင်စုံဘော့ပင်န် ပြီးတော့ လုံးချေထားတဲ့စက္ကူ
ပြီးတော့ ရေပေါ်ဆီလူမှုရေး ပြီးတော့ သမ္မအာဇီဝချွေးများ ပြီးတော့ လိပ်စာမပြည့်စုံတဲ့
စာအိတ် ပြီးတော့ ကြည်လင်သော ပြီးတော့ ရေတံခွန် ပြီးတော့ ဖူဆယ်ဖိနပ် ပြီးတော့
မာန ပြီးတော့ အပုပ်နံ့  ပြီးတော့ မှန်အကွဲတွေလို ကြေကွဲစ ပြီးတော့ ခြောက်အိပ်မက်
ပြီးတော့ လေယာဉ်လက်မှတ်အဟောင်းအမြင်း ပြီးတော့ မန်ယူ ပြီးတော့ panadol
ပြီးတော့ ချစ်စိတ်ကို ပိတ်လှောင်ထားလို့မရတဲ့ သော့တွဲ ပြီးတော့ လူ့အောက်ပိခြင်း
ပြီးတော့ မထင်ရှော့ခ် ပြီးတော့ သတိတရအပိုင်းအစများ ပြီးတော့ တောက်ခေါက်သံ
ပြီးတော့ ဘဝရဲ့အမှားတွေဖျက်လို့မရတဲ့ ကော်ရပ်ရှင်ပင်န် ပြီးတော့ ထမင်းအသိုး
ဂရုဏာအသိုး ပြီးတော့ အိပ်မပျော်တဲ့ မွေ့ ယာ ပြီးတော့ ပုထုဇဉ် ထီလက်မှတ်များ
ပြီးတော့ ဝမ်းနည်းပက်လက် ပြီးတော့ လူကြီးမင်း ခေါ်ဆိုနေသော ပြီးတော့ ဆက်သွယ်မှု
ဧရိယာပြင်ပ ပြီးတော့ မရေးဖြစ်တော့တဲ့ ဒိုင်ယာရီ ပြီးတော့ မရရှိသေးတဲ့ ဒီမိုကရေစီ
ပြီးတော့ ဒေါ်လာဈေး ပြီးတော့ ငွေလွှဲဖြတ်ပိုင်း ပြီးတော့ ချဉ်တူးတူး ပစ္စုပ္ပန် ပြီးတော့
ကင်းရှင်းတဲ့စိတ်ရဲ့ နုတ်တိုက်ချပေးမှု ပြီးတော့ စာကြောင်းရေ ငါးဆယ့်လေး ပြီးတော့
မျက်ရည်ချော်ရည်ပူ ပြီးတော့ ကန္တာရဆူးပင်လို အထီးကျန်ခြင်း ပြီးတော့ ဝဋ်ကြွေး
ပြီးတော့ မျှော်လင့်ချက် ပြီးတော့ အမာရွတ် ပြီးတော့ ဆယ်လ်မွန်ငါးတို့ အိမ်ပြန်ချိန်
ပြီးတော့ ဆူရှီ ပြီးတော့ OT ပြီးတော့ ချေးငွေ ပြီးတော့ အွန်လိုင်း ပြီးတော့ သတ္ထုမိုးများ
ပြီးတော့ ရွာသွန်းခြင်း ပြီးတော့ အဆင်မပြေမှု မှတ်စုများ ပြီးတော့ ကဗျာဆိုတာ ပြီးတော့
ပြုလုပ်ခြင်း ပြီးတော့ ပါမစ် ပြီးတော့ လကုန်ရက် ပြီးတော့ အလွမ်းတူးတူး ပြီးတော့
ပုပ်နေတဲ့ ပန်းသီးနီနီလို ပတ်စ်ပို့ စ် ပြီးတော့ မျှော်တော်ယောင် ပြီးတော့ ဆန္ဒအပေါက်
အပြဲများ ပြီးတော့ အိမ်ပြန်ချိန် ပြီးတော့ ဒီအရေးအသား ပြီးတော့ ပြီးတော့ ပြီတော့
''ပြီးတော့”ဆိုတာ စိတ်ပျက်စရာ ဘဝကြီးကို “ပြီးတော့”လို့ ရပ်တန့် ခိုင်းတဲ့အဓိပ္ပာယ်လား
ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့
လင်းလက်တာရာ
၂၇၊၁၂၊၂၀၁၂
No comments:
Post a Comment