Monday, April 6, 2015

ဆိုက်​ကိုအ​ရေးအသား





ပုပ်​ပွ​နေတဲ့ သစ်​သီး​တွေ ဆိုက်​ကို​ဝင်​ပြီး နုပျိုလတ်​ဆတ်​ကုန်​တယ်
လူ့ဘဝရဲ့သိပ်​သည်းဆထဲ ဆိုက်​ကို​တွေ ထိုးခွဲဝင်​​ရောက်
ဝင်​လာမစဲ တသဲသဲဆိုက်​ကို​တွေ အရွယ်​က 'ပလုံ' ဆိုက်​ကိုက 'ဝုန်း'
တစ်​နိုင်​တစ်​ပိုင်​ ဆိုက်​ကိုစိုက်​ပျိုး​ရေး သတိ/ ဆိုက်​ကို​လောင်​ကျွမ်းလွယ်​သည်
နေအထွက်​မှာ ​ရွှေခွက်​နဲ့ ဆိုက်​ကိုအပြည့်​ ခပ်​ကြသူများ
စိတ်​အတွင်းသားထဲ ဆိုက်​ကို​တွေနယ်​ချဲ့ ဆိုက်​ကိုနယ်​​မြေသစ်​များ
ဆိုက်​ကို​နေမဝင်​အင်​ပါယာ ဆိုက်​ကိုဖွံ့ဖြိုးတိုးတက်​​ရေး Free ဆိုက်​ကို
အသားတိုးမွေးမြူထားတဲ့ ဆိုက်​ကို​တွေ ဖဲ့ထုတ်​လှီးပစ်​ရမယ့်​ ဆိုက်​ကို​တွေ
ဆိုက်​ကိုဂရပ်​ဖစ်​မျဉ်းများ​ထောင်​တက်​ ဆိုက်​ကို,ကို ​ထောင်​သွင်းအကျဉ်းချလို့ ရမရ
မြေ​အောက်​​တော်​လှန်​​ရေး​ခေါင်း​ဆောင်​ဆိုက်​ကို ဆိုက်​ကိုအလိုမရှိ
စိတ်​နှလုံးသားမှာ ချိန်​ကိုက်​ဗုံး​ထောင်​သူဆိုက်​ကို ဆိုက်​ကို​ချော်​ရည်​ပူများ
ဆိုက်​ကိုဆူနာမီများ ဆိုက်​ကိုမုန်​တိုင်းများ ဆိုက်​ကိုဖိုးဘီးယား
ဆိုက်​ကိုပြည်​​ထောင်​စု ဆိုက်​ကိုသမ္မတ ဆိုက်ကိုနိုင်​ငံ​တော်
လူမှုကွန်​ယက်​ထဲက​နေ ဆိုက်​ကို​တွေ ကူးစက်​ ဆိုက်​ကိုဗိုင်းရပ်​စ်​များ
ဆိုက်​ကို​တွေ ​ဈေးကြီး​ပေးဝယ်​တယ်​ ဆိုက်​ကို​တွေ ​ဈေး​ပေါ​ပေါနဲ့ရမယ်
ဆိုက်​ကို​တွေ ပဲ​လှော်​နဲ့လဲတယ်​ အသက်​နဲ့ လဲလိုက်​ရတဲ့ ဆိုက်​ကို
ဘဝနဲ့ လဲလိုက်​ရတဲ့ဆိုက်​ကို အချစ်​နဲ့လဲလိုက်​ရတဲ့ ဆိုက်​ကို
ဆိုက်​ကိုဟူသမျှ ဂုဏ်​ရှိစွ ​ရောင်စုံ​ဆိုက်​ကိုလူ​ပူ​ဖောင်းများ
ကုန်​သည်​ကြီးများဟိုတယ်​​ပေါ်စမတ်​ကျကျတက်​သွားတဲ့ ဆိုက်​ကို
လူ့​အောက်​ပိခြင်းထဲ ​ခေါင်းငိုက်​စိုက်​ဆင်းလာတဲ့ ဆိုက်​ကို
ဆိုက်​ကို​ဝေး​ဝေးဆက်​ဆံ​ရေး လိင်​ဆက်​ဆံ​နေချိန်​ အလစ်​ဝင်​တိုက်​တဲ့ဆိုက်​ကို
ဆိုက်​ကိုမြို့မှ လှိုက်​လှဲပျူငှါစွာ ကြိုဆိုပါ၏ သင့်​အား​ဆိုက်​ကိုမှအလိုရှိသည်
အမှန်​တရားရဲ့ဘက်​​တော်​သား  မဟာ ဆိုက်​ကို ပြန်​လာပြီ
Relationship ထဲ ဆိုက်​ကို​တွေ တစိမ့်​စိမ့်​ ဝင်​လာ
ဆိုက်​ကိုမဟာမိတ်​များ အဆိုးမြင်​ဆိုက်​ကိုများအား ဆန့်​ကျင်​ကြ
ဆိုက်​ကို​ပေါ်မှာ လိုက်​ပါလာကြတဲ့ ဆိုက်​ကိုခရီးသွားပြည်​သူများခင်​ဗျာ
ဆိုက်​ကိုသံသရာ ဆိုက်​ကိုကမ္ဘာ ဆိုက်​ကိုကဗျာ
ဆိုက်​ကိုအချင်းချင်းသတ်​ဖျက်​ခြင်း ကင်းရှင်းကြပါ​စေ
ပျံသန်း​နေတဲ့​လေယာဉ်​ ဆိုက်​ကို​ကြောင့်​ ပျက်​ကျ
မပြီးဆုံး​သေး​သော ဆိုက်​ကိုစစ်​ပွဲများ တ​မြေ့​မြေ့ ဆိုက်​ကိုကင်​ဆာများ
ဆိုက်​ကိုအား လူမျိုးမ​ရွေးဘာသာမ​ရွေး သုံး​ဆောင်​နိုင်​ပါသည်
သူ့ကိုယ်​သူ ဘုရားသခင်​ လို့ ထင်​​နေတဲ့ ဆိုက်​ကို
ဆိုက်​ကိုနားထင်​​သွေး​ရောက်​ ဆိုက်​ကိုအစွန်း​ရောက်​များ
ဆိုက်​ကိုနားနီးဆိုက်​ကို ​ရှေးရိုးစွဲအစဉ်​အလာများအား အ​ရေခွံခွာသူ ဆိုက်​ကို
ဘာသာ​ရေးအယူဝါဒများအား သွားထက်​ထက်​နဲ့ကိုက်​ဖြတ်​သူ ဆိုက်​ကို
ဖွတ်​ထွက်​မှ ဆိုက်​ကိုမှန်းသိတယ်​ ဆိုက်​ကိုအ​ရောင်​​ကြောင့်​ပါး​ပြောင်
ခန္ဓာအိမ်​မှ ဆိုက်​ကိုများ မွန်းလွဲတစ်​နာရီတွင်​ စတင်​ထွက်​ခွာမည်
ဆိုက်​ကို​ တွေးတယ်​ ဒါ​ကြောင့်​ ဆိုက်​ကို ရှိတယ်
နိုင်​ငံအဝှမ်း ဆိုက်​ကိုအစွမ်းဖြင့်​ စိမ်းလန်း​စေရမည်
လူကြီးမင်း​ခေါ်ဆို​​သော တယ်​လီဖုန်းမှာ ဆိုက်​ကိုဝင်​​နေပါသဖြင့်
ဆိုက်​ကို status ဆိုက်​ကို like ဆိုက်​ကို comments
ဆိုက်​ကို Share ဆိုက်​ကို Last online one minute ago
သေ - ​မြေကြီး ရှင်​ - ဆိုက်​ကို ဆိုက်​ကိုသီးမှ အရီးလာမ​တော်​နဲ့
နုပျိုလတ်​ဆတ်​တဲ့သစ်​သီး​တွေ ဆိုက်​ကိုဝင်​ပြီး ပုပ်​ကုန်​တယ်


- လင်းလက်​တာရာ
6.4.2015




No comments:

Post a Comment