Wednesday, February 11, 2015

စိတ်​ခလုတ်​ဖွင့်​သံ




မျက်​နှာကြက်​ဆီမှ ရပ်​​နေတဲ့ ပန်​ကာဟာ စတင်​လည်​ပတ်
လည်​​နေတဲ့ ပန်​ကာ​အောက်​မှာ လူ့​လောကကြီးထဲ အလည်​လာသူ
လည်​​နေတဲ့ ပန်​ကာ​အောက်​မှာ အစာစားတယ်
ွလည်​​နေတဲ့ ပန်​ကာ​အောက်​မှာ စာဖတ်​တယ်
ကော်​ဖီ​သောက်​တယ်​ အိပ်​စက်​တယ်​ အိပ်​မက်​တယ်
လေချွန်​တယ်​ သီချင်းနား​ထောင်​တယ်​ စိတ်​ကူးတယ်​ 
တွေး​ခေါ်တယ်​ ​ကော်​ဖီ​သောက်​တယ်​ ကဗျာ​ရေးတယ်
အွန်​လိုင်းသုံးတယ်​ လွမ်းဆွတ်​တယ်​ ​​ဒေါသထွက်​တယ်
ကြေကွဲတယ်​ ​ပျော်​ရွှင်​တယ်​ မျက်​ရည်​ကျတယ်​ လူသားဆန်​တယ်
လည်​​နေတဲ့ ပန်​ကာဆီ စိတ်​ကို ပစ်​တင်​မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ အ​တွေးကို ပစ်​တင်​မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ စာသား​တွေကို ပစ်​တင်မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ မျက်​နှာသုတ်​ပုဝါကိုပါ ​ယောင်​ပြီး ပစ်​တင်​မိ
ဖွားခနဲ ၊ အမှုန်​​တွေ ကျလာ အခန်းတစ်​ခုလုံး ပြန့်​ကျဲ သွား
အိပ်​ရာ​ပေါ်မှာ စာအုပ်​​တွေ​ပေါ်မှာ ထမင်းပန်းကန်​ထဲမှာ
ကော်​ဖီခွက်​ထဲမှာ ​ရေးလက်​စကဗျာစာရွက်​​ပေါ်မှာ
အမှုန်​​တွေ အမှုန်​​တွေ အမှုန်​​တွေ အမှုန်​​တွေ
ကိုယ့်​ကိုယ်​ကိုယ်​ပဲ ကြည့်​​နေမိလို့ ကိုယ့်​ကို ​အေးမြ​စေသူကို​တောင်
ဂရုမစိုက်​ သတိမထားမိတဲ့ အမှုန်​လိုလူတစ်​​ယောက်
လည်​​နေတဲ့ ပန်​ကာကို ခဏ ရပ်​လိုက်​တယ်
သူ့ကိုယ်​​ပေါ်က အညစ်​အ​ကြေး​တွေကို သုတ်​သင်​ ရှင်းလင်း​ပေးလိုက်​တယ်
လူနဲ့ ပန်​ကာပါ ​နေရာချင်း လဲလှယ်​ လိုက်​တယ်
ပြီး​တော့ ဆက်​လည်​တယ်


လင်းလက်​တာရာ
11.11.2014

No comments:

Post a Comment