'လူစက္ကူ '
'ငွေစက္ကူ မင်းဟာ ပြဲလွယ်တယ်'
'လူစက္ကူ မင်းတို့က ပိုပြဲလွယ်တာ'
'ငွေစက္ကူ မင်းဟာ ဗိုလ်လား ကျားလား သေနတ်လား'
'လူစက္ကူ ငါဟာ ဗိုလ် ငါဟာ ကျား ငါဟာ သေနတ်'
'ငွေစက္ကူ မင်းဟာ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်'
'လူစက္ကူ မင်းတို့ကမှ ငွေစက္ကူကြီးရာ မျက်နှာပါတာ'
'ငွေစက္ကူ မင်းဟာ ညစ်ပတ် အီးပါ ရက်စက်တယ်'
'လူစက္ကူ ကိစ္စမရှိ လူစက္ကူတွေ ကြုံးလိမ့်မယ်'
'ငွေစက္ကူ မင်းစီးထားတဲ့ ဖိနပ်က မိုက်လိုက်တာ ဘာတံဆိပ်'
'လူစက္ကူ လူစက္ကူတံဆိပ်လေ လူစက္ကူ'
လင်းလက်တာရာ
No comments:
Post a Comment