'ဆက်သွယ်ပြတ်တောက်'
ဆက်သွယ်
တနင်္ဂနွေ  မနက် သုံးနာရီဟာ အရေးအသားအဖြစ် ဆက်သွယ်
ကန္တာရဆူးပင်လေးက ရေချိုမြစ်ကြီးဆီ ဆက်သွယ်
ဆာဟာရကလေးငယ်လေးက ပြောင်းခင်းကြီးဆီ ဆက်သွယ်
အကြမ်းဖက်မှုဟာ လူ့အဖွဲ့အစည်းဆီ ဆက်သွယ်
လေထုညစ်ညမ်းမှုဟာ အောက်ဆီဂျင်ဆီ ဆက်သွယ်
လွှစာမှုန့်တွေဟာ သစ်တောကြီးဆီ ဆက်သွယ်
နို့စားနွားမလေးဟာ သားသတ်ရုံဆီ ဆက်သွယ်
ငါက ငါ့ကိုယ်ငါ ဆက်သွယ်
ပြတ်တောက်
လေယာဉ်ဟာ ရေဒါထဲမှာ ပြတ်တောက်
သက်တံလေးဟာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်
မိသားစုဓာတ်ပုံမှာ ဆေးသားတွေ ပြတ်တောက်
အလှမွေးငါးလေးဟာ ပင်လယ်ကြီးနဲ့ ပြတ်တောက်
ကျားသားရည်ဟာ ကျားနဲ့ ပြတ်တောက်
ဆင်စွယ်ဟာ ဆင်နဲ့ ပြတ်တောက်
ငါဟာ ငါနဲ့ ပြတ်တောက်
ဆက်သွယ်ပြတ်တောက်မှုတွေထဲ
ဆက်သွယ်ပြတ်တောက်နေကြပုံများ
ဆက်သွယ်ပြတ်တောက်
လင်းလက်တာရာ
No comments:
Post a Comment