Monday, January 5, 2015

ယ​နေ့ - ၂၁

'​နေဝင်​ချိန်​' ထဲ ထည့်​ချိန်​လိုက်​ရင်​​တောင်
နေဝင်​ချိန်​နဲ့ ဆံ့မှာ မဟုတ်​တဲ့ ​နေဝင်​ချိန်​​တွေ

ဆည်းဆာ

နေမဝင်​အင်​ပါယာကြီး​တောင်​ ​နေဝင်​ခဲ့တာပဲ​လေ
စိတ်​ကို ဒုန်းဒုန်း ချပြီးသာ ​နေဝင်​ပစ်​လိုက်​ပါ

ဆည်းဆာ

ငှက်​​တွေ ​လေယာဉ်​​တွေ
နေဝင်​ချိန်​ထဲ အိပ်​တန်းပျံ​နေပုံ အ​ငေးမှာ
ဆွေးရိ​နေတဲ့ လူတစ်​​ယောက်
သူ့ မျက်​လုံးထဲ  ပိရမစ်​ပုံတိမ်​တိုက်​တစ်​ခု စိုက်​ဝင်

ဆည်းဆာ

ပိရမစ်​ပုံတိမ်​တိုက်​သာ ​အ​မှောင်​ထဲ နစ်​ဝင်​ပျောက်​ကွယ်​သွားတယ်
မျက်​လုံးထဲက မထွက်​တဲ့ ကျွန်​​တွေ ကြာပွတ်​​တွေ




လင်းလက်​တာရာ

No comments:

Post a Comment