ညကြီးမင်းကြီး
အရေးပေါ် ဥဩဆွဲသွားတဲ့ ကားဟာ
ငါ့ခန္ဓာကိုယ်ထဲ ဝင်ပြီး ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားတယ်
ညကြီးမင်းကြီး
အဲသလို ထွက်ခွာသွားတဲ့ တစ်စုံတစ်ယောက်ဆီ
ငါ့ အေဘီသွေးကို ထည့်ပေးခွင့်မရလိုက်ဘူး
ညကြီးမင်းကြီး
လင်းလက်တာရာ
No comments:
Post a Comment