ပွဲက ပြီးသွားပြီ
ပွဲက မပြီးသေး
မသေသေးတဲ့မီးတွေ
ဘယ်သူက ဗီလိန်
ဘယ်သူက မင်းသား
ဇာတ်တူသားစားကြသူများ
ဇာတ်ရည်လည်းလည်ခဲ့ပြီ
မျက်ရည်လည်းလည်ခဲ့ပြီ
ဇာတ်ခေါင်းဟာ အချိန်မရွေးကွဲနိုင်
ဇာတ်ခေါင်းဟာ အက်ရာကြီးနဲ့
ကားလိပ်ကြီး ပွင့်လာပုံနိုင်ငံတော်
ကားလိပ်ကြီး ကျသွားပုံနိုင်ငံတော်
ပွဲတော်ပြီးတော့
ပွဲတော်ကို ထပ်မျှော်ကြ
လင်းလက်တာရာ
No comments:
Post a Comment