သူတို့ ငါတို့ မြေပေါ်ကို ရောက်လာကြ
တရားဝင်နည်းလမ်းနဲ့ရော တရားမဝင်နည်းလမ်းနဲ့ရော ရောက်လာကြ
ငါတို့မြေပေါ်က စက်ရုံတွေမှာ
ငါတို့မြေပေါ်က စားသောက်ဆိုင်တွေမှာ
ငါတို့မြေပေါ်က ဟိုတယ်တွေမှာ
ငါတို့မြေပေါ်က စိုက်ပျိုးရေးတွေမှာ
ငါတို့မြေပေါ်က ကားဝပ်ရှော့တွေမှာ
ငါတို့မြေပေါ်က ဆောက်လုပ်ရေးတွေမှာ
ပင်ပန်းခက်ခဲ ကြမ်းတမ်းစွာ အလုပ်လုပ်ကြ
အိုဗာစတေးဖြစ်ကြ
မိသားစုနဲ့ အဆက်အသွယ်ပြတ်ကြ
သေကြကြေကြ
စိတ်ဒဏ်ရာတွေ ကိုယ်ဒဏ်ရာတွေရကြ
အဖမ်းခံရပြီး ကျိန်ဒဏ်တွေ ထောင်ဒဏ်တွေ ထိကြ
ငါတွေးကြည့်နေတာပါ
ငါအတွေးကိုပဲ ငါ သတ်လိုက်ပါတယ်
လင်းလက်တာရာ
No comments:
Post a Comment