Tuesday, January 6, 2015

ယ​နေ့ - ၂၇

တစ်​ခုခုဟာ အမြဲလို​နေတယ်​လို့ ပြီးပြည့်​စုံမှုက ​ပြောတယ်
ပြီးပြည့်​စုံမှုက​ရော တကယ်​ရှိမရှိ ​ဦး​ခေါင်းထဲရှိ​နေတဲ့ အကြိတ်​ဟာ သူမ

ခွဲထုတ်​လိုက်​တာနဲ့ ​ဂေါက်သွားမယ့်​ ​ရောဂါဆန်းကြီးနဲ့
ပြက္ခဒိန်​အသစ်​လဲလိုက်​ရတာက လွဲရင်​ အခင်းအကျင်းက​တော့ အ​ဟောင်းကြီးပဲ

သစ်​ပင်​​တွေ အဝတ်​အစားလဲတဲ့ရာသီကို အကြီးကြီး လွမ်းတယ်
အ​မေ့အိမ်​​ပေါ်မှာ တိမ်​ဖြူ​ဖြူတွေ ရွာတည်​​နေပုံ အိပ်​မက်​အဝါ

လယ်​ယာကိုင်းကျွန်း​တွေဆီ ငှက်​တစ်​​ကောင်​လို ပျံသန်းသွားချင်​သူရဲ့ ခရီးမိုင်​​တွေ
ခဏခဏပျက်​ကျဖူး​သော ငယ်​ဘဝရဲ့ စွန်​ပြာ​လေးကို ငါ့နာမည်​နဲ့ ပြန်​​တွေ့လိုက်​ရ

တိုက်​တန်းလျားတစ်ခု​တည်း အတူ​နေပြီး တစ်​ခါမှ စကားမ​ပြောဖူးတဲ့လူ​တွေ
နောက်​​ဖေးလမ်းကြားထဲ လာသာ​နေတဲ့ လ​ရောင်​ကို ​သွေး​ကြောထဲ သွင်းထားချင်​တယ်

နှင်း​တွေကို ​ကျောပိုးအိတ်​ထဲ ထည့်​ပြီး ​လျှောက်​လိမ့်​ချင်​တယ်
အရာရာ မျက်​နှာငယ်​ရလို့ ပလပ်​စတစ်​ဆာဂျီရီ လုပ်​ထားချင်​တယ်

မှော်​ဝန်း​ချောင်းကို ​ခေါင်းအုံးအိပ်​ချင်​​တဲ့ စိတ်​ရူးတသုန်​သုန်
အသားမကျ​သေးခင်​ အသားကျ​ပေးခဲ့ရတဲ့ အရိုး​​တွေ များလှချည့်

အ​ရှေ့ ​တောင်​အာရှရဲ့ ​သွားကြားထိုးတံ​လေးပါ
အ​ရှေ့ ​တောင်​အာရှရဲ့ သွားကြိုသွားကြားမှာ



လင်းလက်​တာရာ



No comments:

Post a Comment