Friday, March 6, 2015

ဝန်​ကြီးပ​ဒေသရာဇာ မ​သိလိုက်​တဲ့ ပင်​ကျရည်



နွေဦးကာလမြူထ​သောအခါ
အကြမ်းဖက်​ခံရတဲ့ မြူအိုး​တွေ ​ခွမ်းခနဲ ကွဲကုန်​တယ်
နိုင်​​ငံ​တော်​တည်​ငြိမ်​​ရေး ရပ်​ရွာ​အေးချမ်းသာယာ​ရေးနဲ့ ဖွံဖြိုး​ရေး​ကောင်​စီဟာ
ထန်းပင်​​ပေါ်က လှိမ့်​ကျသွားတယ်
ကျီး​တွေ အာပုံအားနည်းကအစ ​​နောက်​ကွယ်​မှာ ကြိုးကိုင်​ခံထားရတယ်
ထန်းလှီးဓားဟာ အိပ်ငိုက်ေ​​နတဲ့လွှတ်​​တော်​ရဲ့ လည်​မြိုကို ကြိုက်​တယ်​လို့​ပြောတယ်
အိပ်ငိုက်​နေတဲ့​​လွှတ်​​တော်​ဟာ သူ့လည်​မြိုကို ထန်းလက်​နဲ့ ကာထားတယ်
ငါတို့ လိုချင်​တဲ့ ပင်​ကျရည်​ဟာ ဒီအပင်​က မထွက်​ဘူး
ငါတို့ နှစ်​သက်​တဲ့ ပင်​ကျရည်​ဟာ ဒီအပင်​က မရဘူး
ဒီအပင်​​ကနေ အဆိပ်​ရည်​​တွေပဲရ​နေတယ်
မော့ကြည့်​လိုက်​​တော့
နိုင်​ငံ​တော်​ထန်းနို့ဟာ တွဲ​လျောင်းကြီးကျလို့
ပျော့​ခွေလို့ ညှိုး​ရော်​လို့
ပန်း​သေ​လို့



လင်းလက်​တာရာ
6.3.2015

No comments:

Post a Comment