Monday, March 30, 2015

အမှန်​တကယ်​ စွန့်​ပစ်​ရမယ့်​ အမှိုက်




လမ်း​ပေါ်က စက္ကူအမှိုက်​စ​လေးက ပြည်သူ​တွေ​ကို ဒုက္ခကြီးကြီး မ​ပေးပါဘူး
လမ်း​ပေါ်က ပလက်​စတစ်​အမှိုက်​စ​လေးက ပြည်​သူကို ရက်​ရက်​စက်​စက်​ မနှိပ်​စက်ပါ​ပါဘူး
လမ်း​ပေါ်က ရွက်​​ကြွေအမှိုက်​စ​လေးက ပြည်​သူကို ​သွေး​ချောင်းစီး​အောင်​ မလုပ်​ပါဘူး

အာဏာရှင်​အမှိုက်​ကသာ ပြည်​သူကို ဒုက္ခအကြီးကြီး​ပေး​နေတာ
အာဏာရှင်​အမှိုက်​ကသာ ပြည်​သူကို ရက်​ရက်​စက်​စက်​ နှိပ်​စက်​​နေတာ
အာဏာရှင်​အမှိုက်​ကသာ ပြည်​သူကို ​သွေး​ချောင်းစီး​စေတာ

အာဏာရှင်​အမှိုက်​​တွေကသာ နိုင်​ငံ​တော်​ရဲ့ ပြဿဒ်​ကို မီး​လောင်​​စေတာ
အာဏာရှင်​အမှိုက်​​တွေကသာ နိုင်​ငံ​တော်​ရဲ့ ဂုဏ်​ကျက်​သ​ရေကို ပြာကျ​စေတာ
အာဏာရှင်​အမှိုက်​ပုံကြီးကသာ နိုင်​ငံ​တော်​ရဲ့ အလှနဲ့ ရသကို ပျက်​ဆီး​ဆုံးရှုံးစေတာ

နှစ်​​ပေါင်းများစွာ ပုပ်​ပွနံ​ဆော်​​နေခဲ့တဲ့ အာဏာရှင်​အမှိုက်​ပုံကြီး
နှစ်​ပေါင်းများစွာ ​ယင်​တ​လောင်း​လောင်း ​လောက်​တဖွားဖွား ကြွက်​တဖွဲဖွဲ ဖြစ်​​နေခဲ့တဲ့ အာဏာရှင်​အမှိုက်​ပုံကြီး
နှစ်​​ပေါင်းများစွာ အမြတ်​ထုတ်​ ဂုဏ်​​သွေးစုပ်​ခဲ့တဲ့  အာဏာရှင်​အမှိုက်​ပုံကြီး
နှစ်​​ပေါင်းများစွာ အမြီးကျက်​အမြီးစား ​ခေါင်းကျက်​​ခေါင်းစား ဇာတ်​​တူသား အားရပါးရ စားခဲ့တဲ့ အာဏာရှင်​အမှိုက်​ပုံကြီး

မျိုးမတုံး​သေးတဲ့ အာဏာရှင်​အမှိုက်​ပုံကြီးကို ဘယ်​လိုမျိုးဖြုတ်​ကြမလဲ
မျိုးမတုံး​သေးတဲ့ အာဏာရှင်​အမှိုက်​ပုံကြီးကို ဘယ်​လိုစွန့်​ပစ်​ကြမလဲ

လမ်း​ပေါ်က စက္ကူအမှိုက်​စ​လေး​ ​ကောက်​လိုက်​ရုံနဲ့ နိုင်​ငံ​တော်​က လှလာမှာမဟုတ်​ဘူး
လမ်း​ပေါ်က ပလက်​စတစ်​​အမှိုက်​စ​လေး​ ​ကောက်​လိုက်​ရုံနဲ့ နိုင်​ငံ​တော်​က လှလာမှာမဟုတ်​ဘူး
လမ်း​ပေါ်က ရွက်​​ကြွေအမှိုက်​စ​လေး​ကောက်​လိုက်​ရုံနဲ့ နိုင်​ငံ​တော်​က လှလာမှာမဟုတ်​ဘူး
အာဏာရှင်​အမှိုက်​​တွေကို သုတ်​သင်​ရှင်းလင်းလိုက်​မှ နိုင်​ငံ​တော်​က အလှကြီး လှလာမှာ
အာဏာရှင်​အမှိုက်​ပုံကြီးကို အမြစ်​ပြတ်​​ချေမှုန်းလိုက်​မှ နိုင်​ငံ​တော်​က အလှကြီးလှလာမှာ

ပြည်သူေ​​တွအတွက်​က​တော့ အာဏာရှင်​အမှိုက်​ပုံကြီးဟာ ကပ်​ဆိုးပဲ
အာဏာရှင်​အမှိုက်​ပုံကြီးဟာ ​သွေးစုပ်​ဖုတ်​​ကောင်​ပဲ
အာဏာရှင်​အမှိုက်​ပုံကြီးဟာ အန္တရာယ်​ဇုန်​ပဲ
အာဏာရှင်​အမှိုက်​ပုံကြီးဟာ ကမ္ဘာစစ်​ပဲ
အာဏာရှင်​အမှိုက်​ပုံကြီးဟာ ​နောက်​ဆုံး​ပေါ်ကူးစက်​​ရောဂါပဲ
အာဏာရှင်​အမှိုက်​ပုံကြီးဟာ ငရဲပဲ

အာဏာရှင်​အမှိုက်​​တွေကို ဘယ်​လူသားစစ်​စစ်​​တွေကမှ မကြိုက်​ဘူး
အာဏာရှင်​အမှိုက်​​တွေကို ငါတို့အတူတကွတိုက်​ဖျက်​ကြမယ်
အာဏာရှင်​အမှိုက်​ကင်းစင်​​တဲ့ နိုင်​ငံ​တော်​မှာ ငါတို့ ပျော်​ရွှင်​စွာ ရယ်​​မောကြမယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​မှာ ငါ​တို့မျိုးဆက်​​တွေ ဒီမိုက​ရေစီ  ပညာရေးစနစ်ကို​သင်​ကြားကြမယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​မှာ လူ့အခွင့်​အ​ရေးရဲ့ အသီးအပွင့်​ကို ငါတို့ အတူတကွ စားသုံးကြမယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​မှာ လူသားအချင်းချင်း ​မေတ္တာတရား​တွေ စီးဆင်းကြမယ်

အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​ရဲ့ ​ကောင်းကင်​ဟာ ပိုပြီးသာယာပါတယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​ရဲ့ ​တောတောင်​​တွေဟာ ပိုပြီးစိမ်းလန်းပါတယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​ရဲ့ ​ရေထုဟာ ပိုပြီးကြည်​လင်​ပါတယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​ရဲ့ ​မြေထုဟာ ပိုပြီးစင်​ကြယ်​ပါတယ်
အာဏာရှင်​အမှိုက်​ကင်းစင်​တဲ့ နိုင်​ငံ​တော်​ရဲ့ ​လေထုဟာ ပိုပြီးသန့်​စင်​ပါတယ်

အာဏာရှင်​အမှိုက်​ကင်းစင်တဲ့ ​နိုင်​ငံ​တော်​ကို တည်​​ဆောက်​ကြပါစို့



လင်းလက်​တာရာ
29.3.2015

Wednesday, March 25, 2015

ခြေ(စစ်​ပွဲများ)




၁၀နှစ်​အရွယ်​ စားပွဲထိုး​လေးဟာ
ကျောနံပါတ်​ ၁၀ ကို ဝတ်​ဆင်​ထားတယ်
သူ့လိုပဲ သူ့အရွယ်​​တွေ ဆင်​တူဂျာစီ​တွေနဲ့ 
ကျောနံပါတ်​ကိုယ်​စီ

သူ့ အရွယ်​​ဟာ စာသင်​ခန်းထဲမှာ ရှိရမယ့်​အရွယ်
သူ့ အရွယ်​ဟာ ​အကယ်​ဒမီ​ဘောလုံးသင်​တန်း​ကျောင်းမှာ ရှိရမယ့်​အရွယ်
စနစ်​ဆိုးကြီးက​တော့ အရွယ်​မ​ရွေးဘူး
တိုက်​စားတယ်

ကျောနံပါတ်​ ၁၀
သူ့ ​ကျော​ပေါ်မှာပိ​နေတဲ့ ​ခေတ်​ကို ငါမြင်​​နေရတယ်
သူ့ ​ကျောပေါ်မှာပိ​နေတဲ့ ​ခေတ်​ဟာ ငါတို့​ကျော​ပေါ်မှာ ပိ​နေတဲ့ ​ခေတ်​ပါပဲ

Live လွှင့်​​နေတဲ့ ​ဘောလုံးပွဲထဲ သူ့စိတ်​ကပ်​ငြိ​နေပုံမှာ
လက်​ထဲက ပန်းကန်​ဟာ လွတ်​ကျ

ခွမ်းခနဲ

အသံမည်းမည်းကြီးက သူ့ ကို ဆဲတယ်
သူ့နာမည်​ကို နင်း​ချေတယ်

ငါနာကျင်​လိုက်​တာ
TV မှာ ငါတို့နိုင်​ငံ ဂိုးသွင်းခံလိုက်​ရပုံ အ​နှေးပြကွက်​လာ​နေတယ်

သူ လာချ​ပေးတဲ့ ​ကော်​ဖီကို ငါမ​သောက်​ရက်​ဘူး
သူ့ မှာ စိတ်​ကူးစိမ်းစိမ်း​တွေ ရှိ​နေမယ်​လို့ ငါ​တွေးတယ်

လမ်းေ​ဘးလက်​ဖက်​ရည်​ဆိုင်​ထဲက​ သူ့စိတ်​ကူးစိမ်းစိမ်း​တွေကို
ငါ​ စိတ်နဲ့ ​ရွှေ့ ယူ​နေမိ
ရှု့ ခင်းစိမ်းစိမ်း​တွေဆီ

အဲဒီ​နေ့က ငါတို့ နိုင်​ငံ ဂိုးပြတ်​မရှုံးခဲ့​ပေမယ့်
ဂိုးပြတ်​ရှုံးခဲ့ပါတယ်



လင်းလက်​တာရာ
26.3.2015

မိုးသီး​ကောက်​သူ




ဘဝရဲ့ အက်​ကွဲ​သွေ့ ​ခြောက်​မှုထဲ
ငါ့အ​ပေါ် ဒုက္ခမိုးသီး​တွေ တ​ဖြောက်​​ဖြောက်​ ​ကြွေလို့
နာကျင်​ရမှန်းမသိ
ငါ​ပျော်​ရွှင်​စွာ လိုက်​​ကောက်​​နေမိ

ပျော်​ရွှင်​မှုဆိုတာကလည်း
လက်​ထဲမှာ အရည်​​ပျော်​ ပျက်​စီးသွားတဲ့
မိုးသီး​လေးတစ်​လုံးမျှပါပဲ



လင်းလက်​တာရာ
26.3.2015

ဒီကဗျာထဲမှာ ဖျတ်​ဖျတ်​လူး​နေတဲ့ ငါး




အမျှားခံ​တွေပိုမိုများပြားလာ
မျှားသူ​တွေပိုမိုထူထပ်​လာ

နိုင်​ငံ​တော်​ကြီးဟာ မျှားသူလား
အမျှားခံလား
ဒါမှမဟုတ်
နို်​င်​ငံ​တော်​ကြီးဟာ ငါးမျှားချိတ်​လား
ငါးစာလား

ငါက ငါးကိုမျှား​နေချိန်
ငါ့ကို​လည်း တစ်​စုံတစ်​​ယောက်​က မျှား​နေ
တစ်​စုံတစ်​ရာ အ​ကြောင်းတစ်​ခုခုက မျှား​နေ
ငါလည်း ငါးပါပဲ

ဘာသာစကားဟာ ငါးမန်း​တောင်​ဟင်းချိုထဲမှာ ကူးခတ်​​နေ
ဘာသာစကားဟာ ငါးမန်း​တောင်​ဟင်းချိုက​နေ ငါးမန်းပြန်​ဖြစ်​သွား
ကြယ်​ငါးပွင့်​ဟိုတယ်​​ပေါ်က​နေ ခုန်​ဆင်းသွား
ဆိုရှယ်​ပင်​လယ်​နက်​ကြီးထဲ

လှေက လှိုင်းမမူးဘဲ
လှေ​ငေးသူ ငါက လှိုင်းမူး​နေတာ
နိုင်​ငံ​တော်​ကြီးက လှိုင်းမူးပြီး ​အော့အန်​​နေတာ

ကျောက်​​ဆောင်​​ရဲ့မျက်​နှာမှာ 
လောကဓံ အမာရွတ်​ကြီး​တွေနဲ့
နိုင်​ငံ​တော်​ကြီးမှာလည်း ဧရာမအမာရွတ်​ကြီး​တွေနဲ့

ရေတံခွန်​မဟုတ်​ဘူး
တောင်​ရဲ့မျက်​ရည်​​တွေပါ
သယံဇာတ​တွေမဟုတ်​ဘူး
နိုင်​ငံ​တော်​ရဲ့ မျက်​ရည်​​တွေပါ

ရုပ်ဆိုးဆိုး​​ရေအိုင်​​လေးဟာ
တိမ်​ရိပ်​​တွေ လာထင်​​နေလို့ လှသွား
လှ​နေတုန်းမှာပဲ
စစ်​ဖိနပ်​​တွေကနင်း​​ဖြတ်​သွား

မြစ်​ကို ​မေတ္တာရှိမိသူ ​မြို့က​လေးဟာ
မြစ်​ထဲ ဝင်​သွားရာက​နေ ပြန်​ထွက်​မလာ​နိုင်​တော့
နိုင်​ငံ​တော်​ကြီးကို ​မေတ္တာရှိမိသူ လူငယ်​​လေး​တွေဟာ
နိုင်​ငံ​တော်​ကြီးထဲ ဝင်​သွားရာက​နေ ပြန်​ထွက်​မလာနိုင်​​တော့

အိမ်​ကို အစိမ်းလိုက်​ ခူးပြီး စားရက်​လား
အိမ်​ရဲ့ ရင်​ဘတ်​ကို အရှင်​လတ်​လတ်​ ခွဲပြီး ဆားပက်​ရက်​လား
နို်​ငံ​တော်​ကြီးကို အစိမ်းလိုက်​ ခူးပြီး စားရက်​လား
နိုင်​ငံ​တော်​ကြီးရဲ့ ရင်ဘတ်​​ကို အရှင်​လတ်​လတ်​ ခွဲပြီး ဆားပက်​ရက်​လား

နွေဦးတဲ့
မတ်​လရဲ့ 'လ' ကို ​ခွေးအ​တွေ အူမြဲ

ငလျင်​​ကြောတည့်​တည့်​က ပွဲ​တော်​မှာ
နိုင်​ငံ​တော်​ကြီးဟာ ​​ပျော်​ပါရဲ့လား

ငါးမျှားချိတ်​မှာ မိပါလာတဲ့ ​ငါးတစ်​​ကောင်​လို
ဖျတ်​ဖျတ်​လူး​နေတဲ့ နိုင်​ငံ​တော်

တချို့က ငါးကို လတ်​လတ်​ဆတ်​ဆတ်​ ကင်​စားရတာ ကြိုက်
တချို့က နိုင်​ငံ​တော်​ကို လတ်​လတ်​ဆတ်​ဆတ်​ ကင်​စားရတာ ကြိုက်



လင်းလက်​တာရာ
21.3.2015
ကမ္ဘာ့ကဗျာ​နေ့

Friday, March 6, 2015

ဝန်​ကြီးပ​ဒေသရာဇာ မ​သိလိုက်​တဲ့ ပင်​ကျရည်



နွေဦးကာလမြူထ​သောအခါ
အကြမ်းဖက်​ခံရတဲ့ မြူအိုး​တွေ ​ခွမ်းခနဲ ကွဲကုန်​တယ်
နိုင်​​ငံ​တော်​တည်​ငြိမ်​​ရေး ရပ်​ရွာ​အေးချမ်းသာယာ​ရေးနဲ့ ဖွံဖြိုး​ရေး​ကောင်​စီဟာ
ထန်းပင်​​ပေါ်က လှိမ့်​ကျသွားတယ်
ကျီး​တွေ အာပုံအားနည်းကအစ ​​နောက်​ကွယ်​မှာ ကြိုးကိုင်​ခံထားရတယ်
ထန်းလှီးဓားဟာ အိပ်ငိုက်ေ​​နတဲ့လွှတ်​​တော်​ရဲ့ လည်​မြိုကို ကြိုက်​တယ်​လို့​ပြောတယ်
အိပ်ငိုက်​နေတဲ့​​လွှတ်​​တော်​ဟာ သူ့လည်​မြိုကို ထန်းလက်​နဲ့ ကာထားတယ်
ငါတို့ လိုချင်​တဲ့ ပင်​ကျရည်​ဟာ ဒီအပင်​က မထွက်​ဘူး
ငါတို့ နှစ်​သက်​တဲ့ ပင်​ကျရည်​ဟာ ဒီအပင်​က မရဘူး
ဒီအပင်​​ကနေ အဆိပ်​ရည်​​တွေပဲရ​နေတယ်
မော့ကြည့်​လိုက်​​တော့
နိုင်​ငံ​တော်​ထန်းနို့ဟာ တွဲ​လျောင်းကြီးကျလို့
ပျော့​ခွေလို့ ညှိုး​ရော်​လို့
ပန်း​သေ​လို့



လင်းလက်​တာရာ
6.3.2015