SOS
...............
ငါ့မှာ မရှာဖွေရသေးတဲ့ ရတနာသိုက်တွေရှိတယ်
ငါ့မှာ မရောက်ဖူးသေးတဲ့ နယ်မြေသစ်တွေရှိတယ်
ငါ့မှာ ငါ့ကို အချိန်မရွေးသစ္စာထဖောက်မယ့်
သွေးသောက်ပင်လယ်ဓားပြတစ်ယောက်ရှိတယ်
ငါ့မှာ ငါ့အပေါ် အမြဲကျီစယ်တတ်တဲ့
မုန်တိုင်းမလေးတစ်ယောက်ရှိတယ်
ငါ့မှာ ငါ့အိပ်မက်တွေကို ပုံဖော်ပေးနေကျ
အဖေ့ရဲ့ ကြွက်သားအမြှောင်းမြှောင်း ရွက်လှလှကြီးရှိတယ်
ငါ့မှာ အောင်မြင်မှုတွေဆီ လမ်းညွှန်ပေးနေကျ
အမေရဲ့သံလိုက်အိမ်မြှောင်ရှိတယ်
ငါ့မှာ ငါ့သွေးကြောထဲ ဝင်ရောက်ကူးခတ်ချင်နေတဲ့
အနုပညာဆိုတဲ့ ငါးမန်းတွေရှိတယ်
ငါ့မှာ ငါ့အရှိုက်တည့်တည့်ကို လက်သီးပြင်းပြင်းနဲ့ထိုးချင်နေတဲ့
ရန်သူတော်သန္တာကျောက်တန်းတွေရှိတယ်
ငါ့မှာ ငါ့ကို ချစ်လို့ အာခံတွင်းထဲ ငုံထားချင်တဲ့
လူ့အဖွဲ့အစည်းရဲ့ ပါးစပ်ပြဲပြဲစုပ်ဝဲကြီးတွေရှိတယ်
တစ်နေ့ မှာ ငါ့သွေးသောက်ပင်လယ်ဓားပြတစ်ယောက်က
သစ္စာထဖောက်တဲ့အခါ
ငါ့ ကို အမြဲကျီစယ်တတ်တဲ့ မုန်တိုင်းမလေးက
ငါ့ကို အမုန်းမီးထတောက်တယ်
ငါ့အိပ်မက်တွေကို ပုံဖော်ပေးနေကျ
အဖေ့ရဲ့ကြွက်သားအမြှောင်းမြှောင်း ရွက်လှလှကြီး ပျက်ဆီးသွား
ငါ့အောင်မြင်မှုတွေကို လမ်းညွန်ပေးနေကျ
အမေ့ရဲ့သံလိုက်အိမ်မြှောင် ပျောက်ရှသွား
ရန်သူတော်သန္တာကျောက်တန်းတွေက
ငါ့အရိုက်တည့်တည့်ကို လက်သီးပြင်းပြင်းတွေနဲ့ ထိုးနှက်ကြ
လူ့ အဖွဲ့အစည်းရဲ့ ပါးစပ်ပြဲပြဲစုပ်ဝဲကြီးတွေက
ငါ့ကို အငမ်းမရ ဝါးမြိုကြ
အနုပညာဆိုတဲ့ငါးမန်းတွေက
ငါ့သွေးကြောထဲဝင်ရောက်ကူးခတ်ကြ
ဒီလိုနဲ့ ငါဟာ ရတနာသိုက်တွေကို မရှာဖွေနိုင်တော့
နယ်မြေသစ်တွေဆီ ရွက်မလွှင့်နိုင်တော့
ငါ လား ၊ ငါက ပင်လယ်ကြမ်းပြင်ကို ခေါင်းဦး အိပ်နေရတဲ့ သင်္ဘော
ငါနိုးနေတာကြာပြီ
ငါ့ကို မြန်မြန်တူးဖော်ကြပါတော့
လင်းလက်တာရာ
31.10.2017
Tuesday, October 31, 2017
ဘဝသစ်ပင်အောက်မှာ ခဏဝင်ရောက်အပန်းဖြေခြင်း
ဘဝသစ်ပင်အောက်မှာ ခဏဝင်ရောက်အပန်းဖြေခြင်း
...............................................................
ပင်စည်မှာ ချစ်ခြင်းတရားနဲ့ ထွင်းထုထားတဲ့
အသည်းပုံသဏ္ဍာန်တက်တူး
နာမည်အတိုကောက် စာလုံးနှစ်လုံး
ပင်စည်အောက်မှာ ကြွေကျနေတဲ့ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်
အဲဒီ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်ရဲ့ရင်ဘတ်မှာ
ဘောပင်န်နဲ့ ရေးသားထားတဲ့
" ငါတို့ ဘယ်တော့မှ မခွဲဘူး " ဆိုတဲ့ စာသား
အနီးအနားမှာ ထပ်ပိုင်းကျိုးနေတဲ့ ဘောပင်န်
ဘောသီးပြုတ်ပြီး မျက်ရည်မင်တွေပါ ယိုစီးထွက်ကျနေ
ပင်စည်ကနေတဆင့် ထွက်ခွာသွားပုံရတဲ့ ခြေရာနှစ်ရံ
နောက်ယောင်ခံလိုက်ကြည့်မိ
ချောက်ကမ်းပါးတစ်ခုမှာ အဆုံးသတ်နေ
#လင်းလက်တာရာ
31.10.2017
...............................................................
ပင်စည်မှာ ချစ်ခြင်းတရားနဲ့ ထွင်းထုထားတဲ့
အသည်းပုံသဏ္ဍာန်တက်တူး
နာမည်အတိုကောက် စာလုံးနှစ်လုံး
ပင်စည်အောက်မှာ ကြွေကျနေတဲ့ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်
အဲဒီ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်ရဲ့ရင်ဘတ်မှာ
ဘောပင်န်နဲ့ ရေးသားထားတဲ့
" ငါတို့ ဘယ်တော့မှ မခွဲဘူး " ဆိုတဲ့ စာသား
အနီးအနားမှာ ထပ်ပိုင်းကျိုးနေတဲ့ ဘောပင်န်
ဘောသီးပြုတ်ပြီး မျက်ရည်မင်တွေပါ ယိုစီးထွက်ကျနေ
ပင်စည်ကနေတဆင့် ထွက်ခွာသွားပုံရတဲ့ ခြေရာနှစ်ရံ
နောက်ယောင်ခံလိုက်ကြည့်မိ
ချောက်ကမ်းပါးတစ်ခုမှာ အဆုံးသတ်နေ
#လင်းလက်တာရာ
31.10.2017
Monday, October 9, 2017
ခြေစစ်ပွဲများ
ခြေစစ်ပွဲများ
................
မျိုးချစ်စိတ်နဲ့ ကန်ထည့်လိုက်တာ
လပြည့်ညကြီး ဂိုးထဲ ဝင်သွား
နိုင်ငံချစ်စိတ်နဲ့ ခေါင်းတိုက်ထည့်လိုက်တာ
လပြည့်ညကြီး ဂိုးထဲ ဝင်သွား
အလင်းဆာနှလုံးသားဂိုးပိုက်တွေထဲ
လမင်းဝင်းပပကြီးတွေ တစ်လုံးပြီးတစ်လုံး
#လင်းလက်တာရာ
၁ဝ၊ ၂၀၁၇
................
မျိုးချစ်စိတ်နဲ့ ကန်ထည့်လိုက်တာ
လပြည့်ညကြီး ဂိုးထဲ ဝင်သွား
နိုင်ငံချစ်စိတ်နဲ့ ခေါင်းတိုက်ထည့်လိုက်တာ
လပြည့်ညကြီး ဂိုးထဲ ဝင်သွား
အလင်းဆာနှလုံးသားဂိုးပိုက်တွေထဲ
လမင်းဝင်းပပကြီးတွေ တစ်လုံးပြီးတစ်လုံး
#လင်းလက်တာရာ
၁ဝ၊ ၂၀၁၇
အိမ်ဖော်
ခြံစည်းရိုးက သံဆူးကြိုးကြားထဲ ငြိဝင် ငုံ့ လျှိုးနေတဲ့ နွယ်ညွှန့် လေးကို
တလူလူ လွင့်ခွင့်ပေးလိုက်တယ်
နေရောင်ခြည်ဆာနေတဲ့ ဧည့်ခန်းထဲက ပန်းအိုးလေးကို
ဝရန်တာဆီ နေရာရွှေ့ ပေးလိုက်တယ်
သူမဟာ အညွှန့် ချိုးခံနေရတဲ့ မိန်းမငယ်လေးတစ်ယောက်
သူမဟာ မေတ္တာတရား ငတ်မွတ်နေတဲ့ နှလုံးသားတစ်ခု
လင်းလက်တာရာ
2-10-2017